တောင်ကုတ်၊ ဩဂုတ် ၁၀၊ ၂၀၂၄။
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၊ ရန်ခေါ်(ရန်ခို)ကျေးရွာတွင် ချောင်းအတွင်းမျောပါလာသည့် အရက်ဆီပုံကို ဆယ်ယူကာ ခွဲဝေ သောက်သုံးကြရမှ ရွာသား လူငယ် ၃ ဦးသေဆုံးပြီး၊ ၄ဦးမှာ တောင်ကုတ်ဆေးရုံတွင် ကုသူမှု ခံယူနေရကြောင်း တောင်ကုတ်ဒေသခံ တဦးက ပြောသည်။
တောင်ကုတ်မြို့ ၊ ရွှေလင်းယုန်ဆိပ်ကမ်းအနီးတွင် မျောပါလာသည့် အရက်ဆီပုံးကို တွေ့ရှိသူများက ခွဲဝေယူကာ သောက်သုံးကြပြီး ၂ရက်အကြာ၊ ယနေ့တွင် ဆေးရုံသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။
“သောက်တဲ့နေ့ညကတည်းက အန်ကြတယ်တဲ့၊ အအန်သက်သာဖို့လားလို့ ရွာက ဆရာမနဲ့ဆေးထိုး၊ ဆေးသောက်တယ်ပြောတယ်၊ ၂ရက်မြောက်နေ့ကျမှ မျက်လုံးတွေပြာလာကြလို့ ဒီနေ့ ဆေးရုံကို တယောက်ပြီးတယောက် ရောက်လာကြတာ” ဟု ကာယကံရှင်မိသားစုဝင်များ၏ ပြောကြားချက်အရ ဒေသခံတဦးက ပြောသည်။
အဆိုပါ အရက်ဆီကို သောက်သုံးသူများအနက် ၁ဦးက ရွာ၌ပင်သေဆုံးပြီး၊ ကျန် ၂ဦးမှာ ဆေးရုံရောက်ပြီး မှ သေဆုံးခဲ့ကာ၊ လတ်တလောတွင် တောင်ကုတ်ဆေးရုံ၌ ကျန် ၄ဦး တက်ရောက်ကုသမှု ခံယူနေကြရ ကြောင်း သိရသည်။
“၃ယောက်က ဆီးပိုက်၊ နှာခေါင်းပိုက်နဲ့ သက်တောင့်သက်သာပါ၊ ၁ယောက်ကတော့ အရေးပေါ်မှာ အောက်ဆီဂျင်နဲ့နေရတယ်၊ ရောက်ကတည်းက သတိမရ၊ အခုထိလည်း သတိမလည်သေး၊ သူက အရက်သောက်တဲ့နေ့က ဓညင်းသီး ၄လုံးပါ စားတော့ အိမ်ကလူတွေက ဓညင်းသီးတောက်တာလို့ ထင်နေကြတာတဲ့” ဟု ဆေးရုံတွင်မြင်တွေ့ရသည့် အခြေအနေကို အဆိုပါ ဒေသခံက ယနေ့ ညနေက ဒွါရာဝတီသို့ ပြောသည်။
ဆေးရုံရောက်ရှိချိန်တွင် ၎င်းတို့ သောက်သုံးခဲ့သည့် လက်ကျန်အရည်ကို ဓာတ်ခွဲကြည့်သည့်အခါ အဆိပ်ပါဝင်နေသည်ဟု သိရကြောင်း၊ လက်ရှိအချိန်တွင် ဆေးဝါးနှင့် ကျန်းမာရေး ဝန်ထမ်း မလုံလောက်သည့်ကြားမှာ ဂရုစိုက်ကုသပေးနေသည်ကို တွေ့ရကြောင်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။



Thank you for your sharing. I am worried that I lack creative ideas. It is your article that makes me full of hope. Thank you. But, I have a question, can you help me?