Press Photo
သံတွဲမြို့အတွင်း ပိတ်မိနေသည့် မြို့ခံများကို AA က ကူညီကယ်ထုတ်ပေးနေသည့် ဓာတ်ပုံများ ထွက်ပေါ်

သံတွဲ၊ ဇူလိုင် ၁၆ ၊ ၂၀၂၄။
အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီလက်အောက်တပ်ဖွဲ့များကြား တိုက်ပွဲများပြင်းထန်နေသည့် သံတွဲမြို့ပေါ်တွင် မြို့ခံပြည်သူများပိတ်နေနေကြရာ ၎င်းတို့ကို အာရက္ခတပ်တော်(အေအေ) ကူညီကယ်ထုတ် ပေးနေသည့်ဓာတ်ပုံများ ဇူလိုင် ၁၆ ရက် ယနေ့တွင် ထွက်ပေါ်လာခဲ့သည်။

အဆိုပါ ဓာတ်ပုံများကို ရခိုင်ပြည်သတင်းမီဒီယာတစ်ခုဖြစ်သည့် Arakan Bay News-ABN ၌ ဖော်ပြထားခြင်း ဖြစ်သည်။

အဆိုပါ ဓာတ်ပုံများတွင် အာရက္ခတပ်တော် စစ်သားများက မြို့ခံပြည်သူများကို သံတွဲဆေးရုံကြီးအရှေ့ သံတွဲ-ငပလီလမ်းမအတိုင်း ကယ်ထုတ်လာသည်ကို တွေ့ရသည်။
