ဂွ၊ ဇူလိုင် ၁၅၊ ၂၀၂၄။
ရခိုင်ပြည်၊ ဂွမြို့ စစ်ဆေးရေးဂိတ်၌ အသက် ၈၃ နှစ်အရွယ် စစ်ရှောင်အဘိုးတစ်ဦးသည် စစ်ဆေးရေးဂိတ်၌ အစစ်အဆေးခံဖို့ ထိုင်စောင့်နေရင်း သေဆုံးခဲ့သည်ဟု သိရသည်။
သေဆုံးသူသည် ငပလီမြို့၊ ဂျိတ္တော အမှတ်( ၈)ရပ်ကွက်မှ ဦးကျော်သန်းဆိုသူဖြစ်ပြီး ဇူလိုင် ၁၅ ရက် ယနေ့မနက်ပိုင်း၌ ဂွစစ်ဆေးရေးဂိတ်၌ ထိုင်စောင့်နေရင်း မနက်စာအဆာပြေကောက်ညှင်းပေါင်းစားစဉ် အစာနင်ပြီး သေဆုံးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
“စောင့်တယ်ဆိုတာက ပုံမှန်ပါ။ စစ်ဆေးပြီးမှ လွတ်ပေးတာဆိုတော့ စစ်ဆေးဖို့ ကိုယ့်အလှည့် မရောက် သေးလို့စောင့်နေရင်း ဖြစ်သွားတာ” ဟု ဂွမြို့ခံတစ်ဦးက ပြောသည်။
ငပလီမြို့နှင့် သံတွဲမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ဒေသခံများသည် ဘေးလွတ်ရာ သို့ တိမ်းရှောင်နေကြရာ သေဆုံးသူ ဦးကျော်သန်းသည်လည်း ငပလီမှ ရန်ကုန်ဘက်သို့ထွက်ရန် ဂွဂိတ်၌ စောင့်ဆိုင်းနေစဉ် ကောင်းညှင်းပေါင်းစားရာမှ အသက်ရှူလမ်းကြောင်းပိတ်ကာ သေဆုံး သွားခြင်းဖြစ်သည်ဟုသိရဿည်။
သေဆုံးသွားသူကို ဂွမြို့ ပြည်သူ့ဆေးရုံတွင် ဆေးစစ်ချက်ယူကာ မိသားစုများဆန္ဒအရ ဂွမြို့ သုသာန်၌ မြေမြုပ်သင်္ဂြိုဟ်ပေးခဲ့သည်ဟု သိရသည်။
ဓာတ်ပုံ- ထာဝရမေတ္တာနာရေးကူညီမှုအသင်း။