BattleNews

စစ်တပ်လေကြောင်းဗုံးကြဲမှုကြောင့် မြောက်ဦး၌ ကလေးနှင့် အမျိုးသမီးအပါအဝင် ၂၈ ဦးသေဆုံး

မြောက်ဦး၊ ဇန်နဝါရီ ၁၉၊ ၂၀၂၄။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ စစ်ကောင်စီလေကြောင်းဗုံးကြဲမှုကြောင့် ရခိုင်ပြည်၊ မြောက်ဦးမြို့၌ ကလေးသူငယ်နှင့် အမျိုးသမီးအပါအဝင် ၂၈ ဦးသေဆုံးပြီး ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အာရက္ခ တပ်တော်(အေအေ)က ထုတ်ပြန်သည်။

သေဆုံးသူများအနက် အသက် ၁၈ နှစ်အပြည့်သေးသည့် ကလေး ၉ ဦးပါဝင်ပြီး အသက်အငယ်ဆုံးမှာ ၂ နှစ်အရွယ်ကလေးငယ်ဖြစ်သည်။ သေဆုံးသူအားလုံးအနက် အမျိုးသမီးအရေအတွက်မှာ ၂၁ ဦးဖြစ်ပြီး ကျန် ၇ ဦးမှာ အမျိုးသားများဖြစ်သည်ကို တွေ့ရသည်။

စစ်ကောင်စီသည် ဇန်နဝါရီ ၁၈ ရက်တွင် မြောက်ဦးမြို့နယ်၊ ရမ်းချောင်းအနီးတဝိုက်ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အာရက္ခတပ်တော်(အေအေ)က ဇန်နဝါရီ ၁၉ ရက် ယနေ့မှာ ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီသည် ဇန်နဝါရီ ၁၈ ရက် ညနေပိုင်းအချိန်၌ ၃ ကြိမ်းဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ ဗုံးကြဲခဲ့သည့်နေရာသည် စစ်သုံပန်းမိသားစုဝင်များထားရှိသည့်နေရာဖြစ်ကြောင်း၊ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်နှင့် အမျိုးသမီး စုစုပေါင်း ၂၈ ဦး သေဆုံးခဲ့ပြီး ၂၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများထဲမှ အချို့သည် အရေးပေါ်ဆေးကုသမှု ခံယူနေရပြီး ၎င်းထဲမှ ဒဏ်ရာပြင်းထန်သူအချို့မှာလည်း နောက်ထပ် သေဆုံးနိုင်ဖွယ်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လေကြောင်း ဗုံးကြဲခံရ၍ သေဆုံး/ဒဏ်ရာရရှိသော စစ်သုံ့ပန်းမိသားဝင်များမှာ အာရက္ခဒေသ စစ်ပွဲများအတွင်း ဖမ်းဆီးရမိထားသည့် စစ်ကောင်စီ၏ တပ်မိသားစုဝင်များဖြစ်ပြီး မကြာမီအချိန်ကာလတခုတွင် ၎င်းတို့ကို အာရက္ခတပ်တော်မှ ပြန်လည်လွှတ်ပေးရန် စီစဉ်ထားရှိပြီး ဤနေရာ၌ ယာယီထိန်းသိမ်းထားခြင်းဖြစ် သည်ဟု ဆိုသည်။

နိုင်ငံတဝှမ်း စစ်ရှုံးနေသော စစ်ကောင်စီသည် စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ ဈေးများ၊ ဘာသာရေး အဆောက်အုံများ၊ လမ်းတံတားများ၊ စစ်ဘေးရှောင်စခန်းများနှင့် လူနေထူထပ်သောနေရာများ စသည့် အရပ်သားပြည်သူကိုမှတ်ထား တိုက်ခိုက်သည့်လုပ်ရပ်များကို တရားလက်လွတ်ပြုလုပ်နေပြီး စစ်ရာဇဝတ်မှု များကို နေ့စဉ်နှင့်အမျှ ကျူးလွန်လျက်ရှိသည်ဟု အေအေက ဆိုသည်။

၂၀၂၅ အစောပိုင်းကာလမှစ၍ ဤကဲ့သိုသော အကြမ်းဖက်တိုက်မှုများကို စစ်ကောင်စီမှ ခပ်စိပ်စိပ် ပိုမိုပြုလုပ်လာသောကြောင့် လေကြောင်းရန်နှင့် လေကြောင်း အန္တရာယ်ကို ယခင်ထက် ပိုမိုသတိထားကြပါရန်၊ အင်တာနက်၊ ဖုန်းသုံးစွဲမှုများကို သတိထားသုံးစွဲကြပါကိုလည်း သတိပေးတိုက်တွန်းလိုက်ပါသည်ဟု အာရက္ခတပ်တော်(အေအေ)၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဇန်နဝါရီ ၈ ရက်ကလည်း ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သားပြည်သူ ၂၆ ဦးသေဆုံးပြီး လူနေအိမ် ၃၉၈ လုံး မီးလောင်ကျွမ်းခဲ့သည်။

#ရခိုင်ပြည်  #AA #လေကြောင်း #မြောက်ဦး #စစ်ကောင်စီ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button