BusinessNews

သံတွဲမြို့တွင် ပညာသင်ကြားနေသည့် ကလေးများအတွက် စာရေးကိရိယာများလိုအပ်နေ

မင်းသစ်

ဒွါရာဝတီ၊ ဧပြီ ၁၇၊ ၂၀၀၂၅။

ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း ကိုယ်ထူကိုယ်ထစာသင်ကျောင်းအချို့ဖွင့်လှစ်သင်ကြားနေရာ၌ အဆိုပါကျောင်းများတွင် တက်ရောက်သင်ကြားနေသည့် ကျောင်းသူ၊ ကျောင်းသားများအတွက် စာရေးကိရိယာများ လိုအပ်လျက်ရှိနေသည်ဟု သိရသည်။

သံတွဲမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားပြီးနောက်ပိုင်း ဒေသခံအချို့သည် ကလေးများပညာရေးအတွက် ကိုယ်ထူကိုယ်ထကျောင်းများဖွင့်လှစ်ပြီး ပညာသင်ကြားရေးလုပ်ငန်းများဆောက်ရွက်လျက်ရှိရာ၌ ကလေးများအတွက် ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံစသည့်သင်ထောက်ကူပစ္စည်းများလိုအပ်လျက်ရှိသည်ဟု သံတွဲမြို့နယ်အတွင်း ကူညီရေးလုပ်ငန်းများဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

ယခုအခါ ဗလာစာအုပ်တအုပ်လျှင် ကျပ် ၂,၀၀၀ မှ ၃,၀၀၀ ဝန်းကျင်ခန့်ရှိနေသည့်အတွက် ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် စာအုပ်ဖိုးမတတ်နိုင်ခြင်းကြောင့် စာအုပ်တအုပ်ထဲ၌ ဘာသာရပ်ပေါင်းစုံကို ပေါင်းရေးနေရခြင်းများပြုလုပ်နေရသည်ဟု သူက ဆက်ပြောသည်။

“ရေးဖို့စာအုပ်တွေကတော့ တော်တော်များများလိုအပ်နေသေးတယ်၊ ကလေးတွေဆီ အစုံမရောက်နိုင်သေးဘူး။” ဟု သူက ဆိုသည်။

စာသင်ကြားနေသည့်ကလေးများ အနည်းစုသာ သင်ထောက်ကူပစ္စည်းများဝယ်ယူနိုင်ကြပြီး အများစုမှာ မပြည့်စုံ ကြကြောင်း၊ ထို့ကြောင့် သံတွဲမြို့နယ်အတွင်းရှိ မြေပြင်ပရဟိတအဖွဲ့များက စုပေါင်းပြီး ကလေးများအတွက် သင်ထောက်ကူပစ္စည်းများရရှိနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လှူဒါန်းလိုသူများနေဖြင့် မြေပြင် ပရဟိတ အဖွဲ့များထံ ချိတ်ဆက်ပြီး စာရေးကိစ္စများကူညီထောက်ပံ့နိုင်ကြောင်း သိရသည်။

ဓာတ်ပုံ-စစ်ကောင်စီ ဗုံးကြဲခဲ့သည့် သံတွဲမြို့ရှိ စာသင်ကျောင်း။ (ပုံဟောင်းဖြစ်ပါသည်)

Related Articles

One Comment

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button