News
-
စစ်ကောင်စီထောင်ထားသည့် မြေမြှုပ်မိုင်းကြောင့် ကျိန္တလီမြို့တွင် အရပ်သားတဦးသေဆုံးပြန်
ကျိန္တလီ၊ ဇူလိုင် ၂၄၊ ၂၀၂၄။ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့နယ်ခွဲရှိ သဖန်းကွင်းကျေးရွာအနီးတောင်ကြောသို့ ဒညင်းသီးခူးရန်သွားသည့် အရပ်သားတဦး စစ်ကောင်စီထောင်ထားသည့် မြေမြှုပ်မိုင်းနင်းမိကာ သေဆုံးသည့်ဖြစ်စဉ်တခု ယနေ့ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။ သေဆုံးသူသည့် အသက် ၂၈နှစ်အရွယ်၊…
Read More » -
သံတွဲရေတပ်သို့ သွားရာကားလမ်းကြောင်းပေါ်ရှိ ကျေးရွာများကို စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်၊ အရပ်သားတဦးသေဆုံး
သံတွဲ၊ ဇူလိုင်၊ ၂၃။ သံတွဲမြို့နယ်၏ ကွမ်းဝိုင်းရေတပ်စခန်းသို့သွားသည့် လမ်းပေါ်ရှိ သရက်ပင်ကွင်းကျေးရွာအနီးသို့ မနေ့ညနေပိုင်းက စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ဒေသခံတဦး သေဆုံးကာ၊ တဦးထိခိုင်ဒဏ်ရာရှိခဲ့ပြီး ဒေသခံများသည် လတ်တလောဘေးလွတ်ရာသို့ ညတွင်းချင်း တိမ်းရှောင် နေကြရကြောင်း ဒွါရာဝတီက…
Read More » -
ငပလီကမ်းခြေရပ်ကွက်တခုတွင် ပိတ်မိနေသူများ ရိက္ခာပြတ်နေ
သံတွဲ၊ ၂၃၊ ဇူလိုင်၊ ၂၀၂၄။ ငပလီကမ်းခြေတိုက်ပွဲများနှင့် ၁မိုင်ဝန်းကျင်အကွာရှိ ဂျိတ္တောရပ်ကွက်တွင် စစ်ဘေးမရှောင်နိုင်ဘဲ ပိတ်မိနေသူများသည် စားနပ်ရိက္ခာများပြတ်နေပြီဖြစ်ပြီး၊ အချို့နေရာများတွင် သက်ကြီးရွယ်အိုနှင့် ကလေး ငယ်များ အစာမစားရဘဲရှိနေကြောင်း ဒေသခံစစ်ဘေးရှောင်များထံမှ သတင်းရရှိသည်။ “ပိတ်မိနေတဲ့သူတွေကတော့ ငတ်ကုန်ပြီ၊ ဆန်ဝယ်လို့မရတော့ဘူး၊…
Read More » -
တပတ်ကြာသတိမေ့မျောနေရာမှ ပြန်သတိရလာသည့် ရခိုင်မှကလေးလူနာရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်နိုင်ပြီ
ဂွ၊ ဇူလိုင် ၂၁၊ ၂၀၂၄။ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ဆပ်သွားဆေးရုံတွင် ဥဏှောက်ပိုးဝင်ကာသတိလစ်မေ့မျော ဆေးကုသခံနေရသည့် ကလေးလူနာအား ရန်ကင်းကလေးဆေးရုံကြီးသို့ လွှဲပြောင်းပို့ဆောင်နိုင်ပြီဖြစ်ကြောင်း လင်းရောင်ခြည် လူမှုကူညီရေးအသင်း(ကမ်းသာယာ)မှ သိရသည်။ ငွေကြေးချို့တဲ့သော မိသားစုဖြစ်သည့်အတွက် ဆပ်သွားဆေးရုံတွင် ဆေးဝါးကုသနိုင်ရန်အခက်အခဲ၊ ရန်ကုန်သို့…
Read More » -
သံတွဲမြို့နယ် စစ်ရှောင်ပြည်သူများအသုံးပြုနေသည့် တံတားငယ်များ စစ်ကောင်စီကမိုင်းခွဲချိုးဖျက်
သံတွဲ၊ ဇူလိုင် ၂၀၊ ၂၀၂၄။ မနေ့ညနေကစတင်ကာ စစ်ကောင်စီတပ်က သံတွဲမြို့တောင်ဘက် ဇလွန်-သပြုချိုင်ဆိပ်ကမ်း ကားလမ်းပေါ်ရှိ ကျေးရွာချင်းဆက်တံတားများကို ချိုးဖျက်လိုက်ကြောင်း အမည်မဖော်လိုသည့် ဒေသခံများထံမှ သတင်း ရရှိသည်။ ဇလွန်-သပြုချိုင်ဆိပ်ကမ်း ကားလမ်းမပေါ်ရှိ ဆင်ဒင်ကြီးကျေးရွာနှင့် ဆင်ဒင်လေးကျေးရွာကြားရှိ သာယာကုန်းတံတားနှင့်…
Read More » -
စစ်ကောင်စီရေတပ်၏ ပစ်ခတ်မှုကြောင့် အဘဲရွာက စစ်ရှောင် အရပ်သား ၂ ဦး သေဆုံးပြီး ကလေး ၁ ဦး ဒဏ်ရာရ
သံတွဲ၊ ဇူလိုင် ၁၉၊ ၂၀၂၄။ သံတွဲစစ်ဇုန်အတွင်းမှ တိမ်းရှောင်လာသည့်စစ်ဘေးရှောင်များ ယာယီခိုလှုံနေသော ကျေးရွာများအနက် သံတွဲမြို့တောင်ဘက် မဲနယ်ကွင်းကျေးရွာနှင့် အဘဲကျေးရွာများသို့ စစ်ကောင်စီရေတပ်က လက်နက်ကြီး ဖြင့် ပစ်ခတ်ခဲ့ပြီး၊ အဘဲကျေးရွာတွင် အရပ်သား ၂ဦးသေဆုံးခဲ့ကြောင်း မိသားစုနှင့် နီးစပ်သည့်…
Read More » -
စစ်ကောင်စီ၏ လက်နက်ကြီးရန်ကြောင့် အဘဲကျေးရွာတွင် အရပ်သားသေဆုံး ၅ဦးထိရှိလာ
သံတွဲ၊ ဇူလိုင် ၁၉၊ ၂၀၂၄။ ယနေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီက လူနေကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှု ကြောင့် သံတွဲမြို့နယ်၊ အဘဲကျေးရွာတွင် ကလေးငယ် ၁ဦးအပါအဝင် အမျိုးသမီး ၂ဦးထပ်မံသေဆုံးခဲ့ပြီး၊ စုစုပေါင်း ၅ဦး သေဆုံးခဲ့ကြောင်း…
Read More » -
ငပလီကမ်းခြေ မြပြင်တွင် အရပ်သားအလောင်း ၇လောင်းတွေ့
သံတွဲ၊ ဇူလိုင် ၁၈၊ ၂၀၂၄။ အောရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်နေသည့် ငပလီကမ်းခြေ မြပြင် ဟိုတယ်ဇုန်တွင် အရပ်သားအချို့ အလောင်း ၇လောင်း တွေ့ ရှိခဲ့ကြောင်း ဒေသခံတဦးက ဒွါရာဝတီသို့ ပြောသည်။ ယခုလက်ရှိ တိုက်ပွဲပြင်းထန်နေသည့်…
Read More » -
သံတွဲထောင်မှ လက်ကျန်အကျဉ်းသားများနှင့်အဆက်အသွယ်ရရန် မိသားစုဝင်များ မျှော်လင့်
သံတွဲ၊ ဇူလိုင် ၁၈၊ ၂၀၂၄။ ရခိုင်ပြည်နယ်၊ သံတွဲမြို့ရှိ အကျဉ်းထောင်အတွင်း မလွတ်မြောက်သေးဘဲ ကျန်ရှိနေသည့် အကျဉ်းသားများနှင့် ၎င်းတို့၏ မိသားစုဝင်များ အဆက်အသွယ်မရသေးသည့်အတွက် စိုးရိမ်ပူပင်မှုများဖြစ်နေကြောင်း မိသားစုဝင်အချို့ထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဇူလိုင် ၁၂ရက်ညနေပိုင်းတွင် သံတွဲအကျဉ်းထောင်တွင်တပ်စွဲထားသည့်…
Read More » -
ဆန်ပြတ်လပ်၍ ဆန်ကွဲစားနေရသည့် သံတွဲစစ်ရှောင်များ ဆန်ကွဲရရန်ပင် အခက်ကြုံနေကြ
သံတွဲ၊ ဇူလိုင်၁၇၊ ၂၀၂၄။ ဆန်ပြတ်လပ်ခြင်းနှင့် ငွေကြေးမတတ်နိုင်ခြင်းတို့ကြောင့် ဆန်ကွဲကို ချက်ပြုတ် စားသောက်နေရာမှ ဇူလိုင်လလယ်တွင် ဆန်ကွဲထပ်မံ ပြတ်လပ်လာနေကြောင်း သံတွဲမြို့ခံ စစ်ဘေးရှောင်များထံမှ သတင်းရရှိသည်။ “ဆန်ကွဲတပြည်ကို ၄ ထောင်၊ တချို့နေရာတွေမှာ ဆန်ကွဲတောင် ဝယ်လို့မရတော့ဘူး၊…
Read More »