Video
အိမ်ပြေးလေးဖြစ်ရပါစေ…

သံတွဲမြို့အနီးကို တိုက်ပွဲတွေ ချဉ်းကပ်လာတော့ မြို့ခံတွေဟာ ပိုင်ဆိုင်သမျှအရာအားလုံးကို စွန့်ခဲ့ရတယ်။ ကိုယ်ပိုင်ဆိုင်ရာ၊ ကိုယ်ခိုကိုးရာ အိမ်တွေကို ကျောခိုင်းခဲ့ရတယ်။ တသက်လုံးခေါင်းချသွားမယ်လို့ တွေးထားတဲ့ သံတွဲမြို့ကနေ နောက်ဆုံးတော့ ဘုရားသုံးဆူကို အကြိမ်ကြိမ် ဖူးမျှော်နှုတ်ဆက်ရင်း သံတွဲမြို့ရဲ့ ဝေးရာကို ရင်နာနာနဲ့ ထွက်ခဲ့ရတယ်။ ဒီအချိန်အခိုက်အတန့်လေးကို သံတွဲဒေသခံတဦးက ခံစားရေးဖွဲ့ခဲ့တာဖြစ်ပါတယ်။