
ငပလီ၊ ဇူလိုင် ၁၁၊ ၂၀၂၄။
သံတွဲခရိုင်၊ ငပလီမြို့ရှိ လက်ကျန်တပ်ရင်းတစ်ခုဖြစ်သည် ခလရ ၅၅ တပ်ရင်းကို အာရက္ခတပ်တော်(အေအေ) က အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ဇူလိုင် ၁၁ ရက် ယနေ့ညတွင် ထုတ်ပြန်ကြေညာသည်။

သံတွဲမြို့နယ်၊ ငပလီမြို့ရှိ စစ်ကောင်စီ၏ လက်ကျန်စခန်းတစ်ခုဖြစ်သော ခလရ (၅၅) တပ်ရင်းကို ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိရာ ဇူလိုင် ၉ ရက်၊ နံနက် (၉) နာရီ (၄၅) မိနစ်အချိန်တွင် အာရက္ခတပ်တော်မှ အပြီးသတ်သိမ်း ပိုက်နိုင်ခဲ့ပြီး စစ်အသုံး အဆောင်ပစ္စည်း၊ လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိခဲ့သည်ဟု အေအေက ထုတ်ပြန်သည်။

သံတွဲမြို့နယ်၊ ငပလီအခြေစိုက်တပ်ရင်းတစ်ခုဖြစ်သော ခမရ (၅၆၆) ကို ဇွန်လ (၂၇) ရက်၊ ညနေ (၅) နာရီ (၃၀) မိနစ်တွင် အလုံးစုံသိမ်းပိုက်ပြီးသည့်နောက်တွင် ထွက်ပြေးလွတ်မြောက်နေသော ရန်သူများ၊ စစ်ကူလာပေးသော ရန်သူများနှင့် သံတွဲမြို့ထဲ လက်ကျန် ရန်သူများသည် သံတွဲမြို့ နှင့် သံတွဲမြို့အနီး ပတ်ဝန်းကျင်မှ ခုခံစစ်များကို ဆင်နွှရန် ပြင်ဆင်နေသောကြောင့် သံတွဲမြို့တစ်ခုလုံးအား အပြီးသတ်သိမ်းပိုက်ရယူနိုင်မည့် ထိုးစစ်များကို ဆက်လက်ဆင်နွှဲရအုံးမည်ဖြစ်သည်ဟု ဆိုသည်။

ပုံ- အာရက္ခတပ်တော်(အေအေ)သိမ်းပိုက်ခဲ့သည့် ခလရ ၅၅ နှင့် ခမရ ၅၆၆ တပ်ရင်းနှင့် လက်နက်ခဲယမ်းများကို တွေ့ရစဉ်။



Thank you for your sharing. I am worried that I lack creative ideas. It is your article that makes me full of hope. Thank you. But, I have a question, can you help me?