BattleNews

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တခုလုံးကို AA အပြီးသတ်သိမ်းပိုက်

အမ်း၊ ဒီဇင်ဘာ ၂၀၊ ၂၀၂၄။

ရခိုင်ပြည်၊ အမ်းမြို့အခြေအစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ-အမ်း)ကို ဒီဇင်ဘာ ၂၀ ရက် ယနေ့ မွန်းတည့် ၁၂ နာရီမှာ အာရက္ခတပ်တော်(အေအေ)က အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်သည်ဟု ULA/AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခ ပြောကြားချက်ကို ကိုးကားပြီး Arakan Princess Media က ဖော်ပြသည်။

အမ်းမြို့ရှိ နပခ ကိုအပြီးသတ်သိမ်းပိုက်ပြီးသည့်နောက် ဒု-တိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနှင့် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း တို့ကို အရှင်လတ်လတ်ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

ထွက်ပြေးလွှတ်မြောက်သွားသည့် စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များကိုလည်း အာရက္ခတပ်တော်(အေအေ) လိုက်လံ ဖမ်းဆီးလျက်ရှိသည်ဟု သိရသည်။

၂၀၂၄ ခုနှစ်အတွင်း ချင်းပြည်နယ်၊ ပလက်ဝမြို့အပါအဝင် ရခိုင်ပြည်တခုလုံးနီးပါးကို အာရက္ခတပ် တော်(အေအေ)က အပြီးသတ်သိမ်းပိုက်ခဲ့ပြီး လက်ရှိ၌ စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့သာ ကျန်ရှိတော့သည်ဖြစ်သည်။

တိုက်ပွဲများပြင်းထန်နေသည့် ဂွမြို့၌လည်း တိုက်ပွဲများပြင်းထန်နေပြီး ဂွမြို့ပေါ်ရှိ စစ်ကောင်စီ၏ တပ်ရင်းတခု သာ သိမ်းပိုက်ရန်ကျန်ရှိတော့သည်ဖြစ်သည်။

Related Articles

One Comment

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button