
တောင်ကုတ်၊ အောက်တိုဘာ ၅၊ ၂၀၂၄။
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှ ၁၀ မိုင်ကျော်အကွာရှိ ကင်းတောင်ရွာသို့ စစ်ကောင်စီက ၂ကြိမ်တိုင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် သက်ကြီး ဘိုးဘွားများနှင့် ကလေးတဦးအပါအဝင် ၇ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။
ယနေ့ (အောက်တိုဘာ ၄ရက်) နံနက် ၂ နာရီ လူအများ အိပ်မောကျချိန်တွင် လေယာဉ်ဗုံးကြဲရာ နေအိမ်အတွင်းတွင် အသက် ၁၀ နှစ် အရွယ်ကလေးငယ် ၁ဦး အပါအဝင် ၅ ဦး သေဆုံးကာ ၁၀ ဦးကျော် ဒဏ်ရာရရှိပြီး နေအိမ် ၉ လုံး ပျက်စီးခဲ့ကြောင်း အမည်မဖော်လိုသူ ဒေသခံတဦးကပြောသည်။

ယနေ့ ဖြစ်စဉ်တွင် ဗုံး ၂ လုံး တပြိုင်နက်ကျရာ ချောင်းနားပိုင်း၊ စာသင်ကျောင်းလမ်းမှ အဘွားအို ၁ဦး သေဆုံးပြီး၊ ခင်ပွန်းဖြစ်သူမှာ ဒဏ်ရာပြင်းထန်သဖြင့် ဆေးကုသမှုခံယူနေစဉ်တွင် ထပ်မံသေဆုံးခဲ့ကြောင်း ဆွေမျိုးသားချင်းများနှင့် အဆက်အသွယ်ရသည့် တောင်ကုတ်မြို့ပေါ်မှ ဒေသခံတစ်ဦးကပြောသည်။
အလားတူ ကင်းတောင်ရွာအောက်ပိုင်းတွင် အသက် ၁၀ နှစ်အရွယ် မောင်ဇင်ဟိန်းကိုအပါအဝင် ၎င်း၏ အဖိုးနှင့် အဘွားဖြစ်သူတို့ နေအိမ်အတွင်းတွင် တပြိုင်နက်သေဆုံးသွားခဲ့ကြောင်း သိရသည်။

သေဆုံးသွားသူများအဆိုပါအိမ်အရှေ့တွင် နေထိုင်သည့် မူလတန်းကျောင်းအုပ် ဦးစိုးထိုက်အပါအဝင် မိသားစုဝင် ၅ ဦး ထိခိုက်ဒဏ်ရာရရှိရာ ဦးစိုးထိုက်တွင် တင်ပါးပြင်းထန်ဒဏ်ရာ၊ အသက် ၁၁ နှစ်အရွယ် သားဖြစ်သူတွင် ဘယ်မျက်လုံး ကျွတ်ထွက် ဒဏ်ရာရရှိခဲ့ကာ၊ ကျန် မိသားစုဝင်တဦးမှာ လက်ပြတ်ထွက် ခဲ့ကြောင်း ဒေသခံတဦးကပြောသည်။
၎င်းအိမ်သို့ ဗုံးကြရောက်ခြင်းကြောင့် အသက် ၈၉ နှစ်အရွယ် အဘွားအိုတဦး၊ ၂၃ နှစ်အရွယ် ကျောင်းသားတစ်ဦးနှင့် ၁၁ နှစ်အရွယ် သားဖြစ်သူအပါအဝင် အသက် ၅၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့လည်း ထိခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ပထမတကြိမ်ကျဲတဲ့ ပေါင် ၂၀၀ ဗုံး တလုံးက ကင်းတောင် ဘုန်းကြီးကျောင်းကိုကျဲတာ၊ သိမ် နဲ့ ဘုန်းကြီးကျောင်းကြားက နတ်လမ်းကိုကျတယ်၊ လူထိခိုက်မရှိဘူး၊ အဆောက်အဦတွေပျက်သွားတယ်၊ ဒုတိယတကြိမ်က ပေါင် ၅၀၀ (၂ လုံး) တွဲပြီးကျတာ၊ ရွာထဲကျတော့ အိပ်ချိန်ဆိုတော့ ပြေးဖို့အချိန် မရလေ၊ ဒီတခါ လေယာဉ်လာတာ မြေပါတုန်တယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
နံနက်ပိုင်း လေကြောင်းဗုံးကြဲမှုကြောင့် စုစုပေါင်း ၅ဦးသေဆုံးခဲ့ပြီးနောက်၊ ညနေပိုင်း ၄နာရီဝန်းကျင် တွင် နောက်တကြိမ် ထပ်မံလေကြောင်းတိုက်ခိုက်ခံရပြီး ၁၃နှစ်အရွယ် မိန်းကလေးငယ်တဦးနှင့် သက်ကြီးပိုင်းတဦး ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသူ သက်ကြီးပိုင်းအမျိုးသမီးသည် ယနေ့ နံနက်ပိုင်းက တအိမ်တည်းတွင် မြေး၊ အဘိုး၊ အဘွား ၃ဦးသေဆုံးရာတွင်ပါဝင်ခဲ့သည့် ကလေးငယ်၏ ဖခင်ဖြစ်သူဘက်မှ အဘွားတော်စပ်သူဖြစ်ကြောင်း သိရသည်။

“မြေး၊ အဘိုး၊ အဘွားသေပြီး ညနေ နာရေးလာကြည့်နေကြတဲ့အချိန် ထပ်ကြဲတာမှာ သေသွားတဲ့ ကလေးရဲ့ နောက်အဘွားအိမ်ကိုကျတယ်၊ အဖေဘက်ရောအမေဘက်ရောက အဘွား ၂ ယောက်သေ သွားတာပေါ့၊ ဒီကလေးအဖေက အက်စီးဒင့်နဲ့ သေတာမကြာသေး” ဟု မိသားစုဝင်များနှင့် နီးစပ်သူတဦးက ပြောသည်။
ညနေ ၄ နာရီဝန်းကျင်တွင် ဗုံးထပ်မံကြဲခဲ့စဉ်၊ နံနက်ပိုင်းက သေဆုံးခဲ့သူများ နာရေးသို့ သတင်းလာမေးသူများပါ ထပ်မံထိခိုက်သဖြင့် လူ ၃၀ ခန့် ထိခိုက်မှုရှိနိုင်ကြောင်း ကနဦး စုံစမ်းသိရသည်။ အခြေအနေ အသေးစိတ်ကို ဆက်လက်စုံစမ်းလျက်ရှိပြီး သတင်းထပ်မံဖော်ပြပါမည်။

ထို့ပြင် ယခုရက်ပိုင်းအတွင်းတွင် မီးချောင်းထိုးကျေးရွာဘက်သို့လည်း လက်နက်ကြီးဖြင့် ခြိမ်းခြောက် ပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း၊ ယနေ့အချိန်အထိ တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးသော်လည်း တိုက်ပွဲဖြစ်ပွားသည်ဆိုကာ စစ်ကောင်စီလော်ဘီများမှ လူမှုကွန်ယက်တွင် သတင်းမှားများ ဖြန့်ဝေလျက်ရှိကြောင်း တောင်ကုတ်မြို့ စစ်ရေးလေ့လာသူတဦးက ပြောသည်။
“ရွာမကို ဗုံးကြဲပြီး AA ရိက္ခာသိုလှောင်ရုံးကို ဗုံးကြဲတာ ဆိုတာမျိုး လုပ်တာပေါ့၊ ကမ်းထောင်းကြီးမှာလည်း သီလယူနေတဲ့ ဘုန်းကြီးကျောင်းကို ဗုံးကြဲပြီး AA တပ်ဖွဲ့ဝင် ၅၀ သေတယ်ဆိုတာမျိူး ဝါဒဖြန့်တာ၊ အခု ကင်းတောင်ကိုလည်း အေအေက ဆေးပစ္စည်းတွေနဲ့ ဆေးကုတဲ့နေရာလို့ ပြောပြန်တယ်၊ အရပ်သားတွေကို သေအောင်လုပ်ပြီးမှ သတင်းမှားတွေ ထပ်ဖြန့်နေကြတယ်” ဟု ၎င်းကပြောသည်။

တောင်ကုတ်မြို့ဝန်းကျင်ရှိ ဒေသခံများမှာ ယခုရက်ပိုင်းအတွင်း လေကြောင်းရန်အန္တရာယ် ခပ်စိပ်စိပ် ကြုံတွေ့နေရပြီး တောင်ကုတ်မြို့နှင့် ၃ မိုင်အကွာရှိ ခေါင်းလောင်းဒူကျေးရွာအနီး လေးတောင်ဗွေ ပိုက်ဆိပ်ကိုလည်း အောက်တိုဘာလ ၂ ရက် ည ၁၁ နာရီခွဲအချိန်တွင် ဗုံး ၂ ကြိမ်ကြဲချခဲ့သည်။

ဓာတ်ပုံ- CJ / ကင်းတောင်ရွာနှင့် ခေါင်းလောင်းတူရွာများကို စစ်ကောင်စီလေကြောင်းဗုံးကြဲခဲ့သည့် သက်သေမှတ်တမ်းများ။



Can you be more specific about the content of your article? After reading it, I still have some doubts. Hope you can help me. https://www.binance.com/register?ref=IXBIAFVY
Can you be more specific about the content of your article? After reading it, I still have some doubts. Hope you can help me.
Your point of view caught my eye and was very interesting. Thanks. I have a question for you.