
ဂွ၊ နိုဝင်ဘာ ၁၆၊ ၂၀၂၄။
အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်များကြားတိုက်ပွဲများသည် နိုဝင်ဘာ ၁၆ ရက် ယနေ့နံနက်ပိုင်း တွင် ဂွမြို့နယ်၊ ရွှေဥကွင်းကျေးရွာနှင့် ချင်းကုန်းကျေးရွာတဝိုက်တွင် နေရာပြန့်ကြဲဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများပါ ပြုလုပ်နေကြောင်း စစ်ရေးစောင့်ကြည့်နေသူ ဒေသခံတဦးထံမှ သတင်းရရှိ သည်။
“အခုမနက် တိုက်ပွဲက ရွှေဥကွင်းရွာမှာဖြစ်နေတယ်၊ နောက်ထပ် ချင်းကုန်းအနောက်ဘက်မှာလည်း ဖြစ်နေတယ် လို့သိရတယ်၊ ဂျက်ဖိုက်တာရော၊ Y12 ရော အတော်ကြဲနေတယ်” ဟု ဒေသခံ သတင်းရင်းမြစ်တဦးက ယနေ့ မွန်းလွဲပိုင်းတွင် ဒွါရာဝတီသို့ ပြောသည်။
ယနေ့နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားနေသည့် ရွှေဥကွင်းကျေးရွာသည် ကမ်းသာယာကမ်းခြေနှင့် ၃ မိုင် ဝန်းကျင် အကွာ(ဂွမြို့နှင့် မိုင် ၂၀ ဝန်းကျင်အကွာ)တွင် တည်ရှိသည်။
ချင်းကုန်းကျေးရွာသည် ဂွမြို့နှင့် ၉ မိုင်ခန့်အကွာတွင်တည်ရှိသည်။ သံတွဲ-ဂွ လမ်းမပေါ်မှဖဲ့ဆင်းကာ ရခိုင်ရိုးမအစပ်သို့ ဝင်ရသည့် ကျေးရွာများဖြစ်ပြီး၊ တရွာနှင့် တရွာ ၅မိုင်ဝန်းကျင်ကွာဝေးသည်။
“ငွေမရှိလို့ စစ်မရှောင်နိုင်သူတွေ အများကျန်နေတဲ့ရွာတွေပါ၊ ခုတော့ပြေးသူလဲခြေကျင်ပြေး ကြတယ်၊ ၁၄ရက်နေ့ကရွာထဲ ကြဲတာမှာအရပ်သားထိခိုက်မူရှိတယ်၊ သေကြတယ်၊ နံမည်အတိအကျမရသေး” ဟု စစ်ဘေးသင့်ကျေးရွာများမှ အရေးပေါ်ထွက်ပြေးတိမ်းရှောင်ကြရသည့် အရပ်သားများနှင့်ပတ်သက်၍ စစ်ရေးစောင့်ကြည့်နေသူ ဒေသခံက ဒွါရာဝတီသို့ ပြောသည်။
ကမ်းသာယာကမ်းခြေနှင့် ဇီးကုန်းကျေးရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီလက်နက်ကြီး တပ်များသည် နိုဝင်ဘာ ၁၃ ရက်က ဂွမြို့နှင့် ၉ မိုင်ခန့် အကွာရှိ ချင်းကုန်းကျေးရွာသို့ တပ်ဆုတ် သွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်တဦးထံမှ သတင်းရရှိသည်။
“ကမ်းသာယာ လာဒ်ဖြိုးစံမှာ ကျန်ခဲ့တဲ့အဖွဲ့က ချင်းကုန်းကို ဆုတ်တယ်၊ ရဟိုင်ကွင်း ရွှေနန်းခိုင် ဘုရားကုန်းနဲ့ သူ့နားက တောင်တန်းရိပ်မှာ ချထားတဲ့ကောင်တွေကို ရဟိုင်ဖျားကိုပို့တယ်” ဟု အဆိုပါဒေသခံက ပြောသည်။
ထိုသို့ဆုတ်ခွာပြီးနောက် နိုဝင်ဘာ ၁၄ ရက်တွင် သံတွဲ-ဂွလမ်းပေါ်ရှိ ဆပ်သွားတံတားကို စစ်ကောင်စီက မိုင်းခွဲ ဖျက်ဆီးခဲ့ပြီး တံတားတဖက်ခြမ်းရှိ ကျေးရွာများတွင် အင်တာနက်နှင့် တယ်လီဖုန်းလိုင်းများ ပြတ်တောက်ကာ နယ်မြေအခြေအနေများကို ဆက်သွယ်စုံစမ်းနိုင်ရန် ခက်ခဲလျှက်ရှိသည်။
ဂွမြို့နယ်တွင် အေအေနှင့် စစ်တပ်ကြားဖြစ်ပွားနေသည့် တိုက်ပွဲများသည် ယခုလ ၁၀ ရက်က ၃ လ တိတိပြည့် ခဲ့ပြီး ဂွမြို့နှင့် မိုင် ၄၀ အကွာမှ တပ်ဆုတ်လာသည့် စစ်ကောင်စီလက်နက်ကြီးတပ်သည် ယခုအခါ ဂွမြို့သို့ ရောက်ရှိရန် ၉ မိုင်ခန့်သာလိုတော့သည်။
တနှစ်တာကာလအတွင်း အာရက္ခတပ်တော်(အေအေ)က ပလက်ဝအပါအဝင် ရခိုင်ပြည်နယ်ရှိ ပေါက်တော၊ ကျောက်တော်၊ မြေပုံ၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ သံတွဲ စသည့်မြို့ များကို သိမ်းပိုက်ခဲ့ပြီးဖြစ်သည်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမ်းမြို့နှင့် ဂွမြို့တို့ကိုလည်း အာရက္ခတပ်တော်(အေအေ)က သိမ်းပိုက်ရန် နီးစပ်နေပြီဖြစ်သည်။
#ဂွတိုက်ပွဲ #ဆပ်သွား #ကမ်းသာယာ #ချင်းကုန်း #ရွှေဥကွင်း



Thanks for sharing. I read many of your blog posts, cool, your blog is very good.
I don’t think the title of your article matches the content lol. Just kidding, mainly because I had some doubts after reading the article.
Your point of view caught my eye and was very interesting. Thanks. I have a question for you.