
တောင်ကုတ်၊ နိုဝင်ဘာ ၂၉၊ ၂၀၂၄။
အာရက္ခတပ်တော်(အေအေ)က တောင်ကုတ်မြို့၌ ၁၇ ရက်ကြာထိုးစစ်ဆင်တိုက်ခိုက်ပြီးသည့်နောက် တောင်ကုတ်မြို့တခုလုံးကို နိုဝင်ဘာ ၂၄ ရက်မှစတင်၍ အလုံးစုံထိန်းချုပ်လိုက်ပြီဖြစ်သည်ဟုဆိုသည်။
တောင်ကုတ်မြို့သိမ်းတိုက်ပွဲများအဖြစ် စစ်ကောင်စီ၏ တောင်ကုတ်မြို့ပြင်ပရှိစခန်းများဖြစ်သော (၁) တောင်ကုတ်တက္ကသိုလ် မောင်းတံဂိတ်နှင့် ရာဘာခြံရှိ စစ်ကောင်စီ၏ စခန်းများ၊ (၂) တောင်ကုတ် တက္ကသိုလ်ကျောင်းဝင်းတစ်ခုလုံးအတွင်း စစ်ကောင်စီမှ အခိုင်အမာစခန်းချနေထိုင်ခဲ့သော တက္ကသိုလ်ကျောင်းဆောင်များ၊ (၃) အာလိမ်ငါးဆင့်ဘုရားကုန်း၌ တပ်စွဲထားသော စစ်ကောင်စီ၏ စခန်း၊ (၄) ဖုန်ညိုရွာ၊ ဘုန်းကြီးကျောင်းအနီးတောင်ကုန်း နှင့် ဖုန်ညိုတံတား အနီးပတ်ဝန်းကျင်၌ တပ်စွဲထားသော စစ်ကောင်စီ၏စခန်းများ၊ (၅) တောင်ကုတ်မြိုအဝင် စစ်ကောင်စီ၏ စကခ (၅) တပ်မဌာနချုပ် ဂိတ်စခန်း၊ (၆) တောင်ကုတ်မြို၊ သိမ်တောင်ရပ်ကွက်၊ ဆုတောင်းပြည့်ဘုန်းကြီးကျောင်းဝင်းအတွင်း၌ တပ်စွဲထားသော စစ်ကောင်စီ၏စခန်း၊ (၇) ကြိုးကြာကွင်းဂိတ်ရှိ စစ်ကောင်စီ၏ စခန်း၊ (၈) ကိုင်းရှည်တံတားထိပ်ရှိ စစ်ကောင်စီ၏စခန်း၊ (၉) သီရိဆေးရုံ၊ ဂုဏ်နေဒေါက်ကျင်း၌ စခန်းချတပ်စွဲထားသော စစ်ကောင်စီ၏ စခန်းနှင့် (၁၀) တောင်ကုတ်မြို့အတွင်းရှိ တောင်ကုတ်မြိုမ ရဲစခန်းတို့ကို နိုဝင်ဘာလ (၄) ရက် မှ (၂၀) ရက်အတွင်း (၁၇) ရက်ကြာ ထိုးစစ်အပြီးတွင် သိမ်းပိုက်ရရှိခဲ့ပြီး တောင်ကုတ်မြိုတစ်ခုလုံးအား နိုဝင်ဘာလ (၂၄) ရက်တွင် အလုံးစုံထိန်းချုပ်ထားနိုင်ခဲ့ခြင်းဖြစ်သည်ဟု အေအေက နိုဝင်ဘာ ၂၈ ရက်က ထုတ်ပြန်သည်။
တောင်ကုတ်မြို့ပတ်ဝန်းကျင်ရှိ စစ်ကောင်စီ၏ စခန်းများအားလုံးကို သိမ်းပိုက်ရယူပြီးနောက် စစ်ကောင်စီ၏ တောင်ကုတ်မြို့အခြေစိုက် အဓိကစခန်းကြီးများဖြစ်ကြသော စကခ (၅) တပ်မဌာနချုပ် နှင့် စကခ (၅) လက်အောက်ခံတပ်ရင်းများဖြစ်ကြသော ခမရ (၃၄၆) နှင့် ခမရ (၅၄၄) တပ်ရင်းဌာနချုပ် စခန်းများကို အေအေက တပြိုင်နက်တည်းထိုးစစ်ဆင်တိုက်ခိုက်နေပြီဖြစ်သည်ဟုဆိုသည်။
တောင်ကုတ်မြို့ရှိ စစ်ကောင်စီ၏စခန်းများအား အာရက္ခတပ်တော်မှ ထိုးစစ်ကို မစတင်မီကတည်းကပင် တောင်ကုတ်မြို့အား ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားပြီးဖြစ်ကြောင်း၊ ထို့အပြင် တိုက်ခိုက်ထိုးစစ်ဆင်မည့် တောင်ကုတ်မြို့ရှိ စစ်ကောင်စီစခန်းအနီးပတ်ဝန်းကျင်၌ ဒေသခံပြည်သူလူထုများရှိပါက တိုက်ပွဲနှင့် ဘေးလွတ်ရာသို့ခေါ်ဆောင်ထားပြီး ဒေသခံပြည်သူလူထု အထိခိုက်အနည်းဆုံးဖြစ်အောင် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း၊ အခြားတဖက်တွင် တောင်ကုတ်မြို့ပြင်၊ မြို့အတွင်းမှ ဒေသခံ ပြည်သူလူထုများကို ဘေးလွတ်ရာသို ရွှေ့ပြောင်းကြရန် ဆော်သြထားသကဲ့သို အများစုသော ပြည်သူထုထုများကိုလည်း တိုက်ပွဲနှင့် ကင်းလွတ်ရာနေရာများသို ရွှေ့ပြောင်းထားခဲ့ပြီးဖြစ်ကြောင်း အေအေက ဆိုသည်။
အာရက္ခတပ်တော်သည် သိမ်းပိုက်ရန်ကျန်ရှိနေသေးသော မြို့များကို တမြို့မကျန် ဆက်လက်သိမ်းပိုက် ရယူနိုင်ရန် စစ်ကောင်စီ၏ တပ်စခန်းများကို တပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။
ယခုလများအတွင်း အမ်း၊ တောင်ကုတ်၊ ဂွ မြို့နယ်များအတွင်းရှိ စစ်ကောင်စီ၏ စခန်းများကို အဓိက ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး မောင်တောမြို့ရှိ တခုတည်းကျန်ရှိနေသေးသော ရန်သူ၏ နခခ (၅) စခန်းကိုလည်း အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။



Thank you for your sharing. I am worried that I lack creative ideas. It is your article that makes me full of hope. Thank you. But, I have a question, can you help me?