Press Photo
“စစ်ဇုန်ထဲက ငပလီကမ်းခြေ”

မိုးရာသီဟာ ငပလီက ဟိုတယ်လုပ်ငန်းတွေနားကြတဲ့အချိန်၊ ခရီးသွားလုပ်ငန်းတွေ ခဏ ရပ်နားကြတဲ့အချိန် ကမ်းခြေမှာ ခရီးသွားတွေ နည်းတဲ့အချိန်ပါ။

ဒါပေမယ့် ပုံမှန်အားဖြင့်ဆိုရင် ကမ်းခြေမှာ ငါးဖမ်းလှေတွေ၊ ရေလုပ်သားတွေ၊ ကျန်းမာရေးအတွက် လမ်းလျှောက်သူတွေ၊ ကလေးတွေ၊ သဲသောင်ပြင်မှာ ဘောလုံးကန်ကြ၊ ဘောလုံးပြိုင်ပွဲတွေလုပ်ကြတဲ့ လူငယ် လူရွယ်တွေနဲ့ စည်ကားနေလေ့ရှိပါတယ်။

အခုကတော့ ငပလီကမ်းခြေ ဟိုတယ်ဇုန်ရဲ့ လူသူလေးပါး ကင်းရှင်းနေတဲ့ စစ်အတွင်း မြင်ကွင်းတချို့ကို မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။