သံတွဲဒေသက မိသားစုနဲ့အဆက်အသွယ်ရချင်သူတဦး

သို့
အယ်ဒီတာ
သံတွဲအောက်ဘက်က (….) ရွာကို ပိုက်ဆံနဲ့ စားနပ်ရိက္ခာပို့ချင်ပါတယ်။ ငတ်နေကြပြီ ထင်တယ်။ အဆက် အသွယ် မရတာ ၁ လလောက်ရှိနေပါပြီ။ ကူညီပေးကြပါ။ တိုက်ပွဲက ဘယ်ချိန်ပြီးမယ်မှန်း မသိဘူး။ ပြည်သူတွေ ငတ်ပြီး သေကုန်ရတော့မယ်။ ကျမကြီးကြီး ၇၇နှစ်ရှိပြီ၊ သူ့ဆီကိုလည်း ပိုက်ဆံပို့ မရတော့ဘူး။
ဆက်သွယ်လို့လည်း မရတော့ဘူး။ ဘယ်လိုလုပ်ကြမလဲ။ အေအေကို ဆက်သွယ်လို့ရမယ့်ဖုန်းနံပတ်ရှိရင်ပေးပါ။ ကျမတို့ရွာကို ကျမတို့ စားနပ်ရိက္ခာ ပို့ချင်တယ်။ ကျမအမျိုးတွေနဲ့ ရွာသားတွေကို နိုင်သလောက်ပို့ချင်တယ်။ ဘယ်လိုလုပ်ရမလဲ ဝိုင်းစဉ်းစားပေးပါ။
ကျမတို့ကြီးကြီးက ကျမတို့ပေးမှ စားရတာ။ ဖုန်းလိုင်းမပြတ်ခင်က ပို့ထားတဲ့ပိုက်ဆံက ကုန်လောက်ပြီ။ တိုက်ပွဲပြီးဖို့ဆိုတာက အချိန်ကို သတ်မှတ်လို့ မရလေ။ ဘယ်အချိန်ပြီးမယ်မှန်း မသိနိုင်ဘူး။ ဒီကြားထဲ ဘယ်လိုစားနေကြလဲ တစွန်းတစသိရရင် ကျေနပ်ပါတယ်။
ကျမအမေလည်း သူ့အစ်မအသံ မကြားရတော့ စိတ်ပူလို့ နေ့တိုင်းငိုနေတာ။ ကြီးကြီးတို့အရွယ်က အာဟာရပြတ်ရင် စိတ်ပူရတဲ့အရွယ်ပါ။ ဒီကြားထဲ ရေကလည်း ကြီးလိုက်သေးတော့ တွေးကြည့်ရင်တောင် တော်တော်စိတ်မကောင်းဖြစ်နေရတယ်။
စားဝတ်နေရေးခက်ခဲနေတာကို ဘယ်လိုတောင့်ခံမလဲ၊ ဘယ်လောက်တောင့်ခံနိုင်မလဲဆိုတာ မတွေးရဲဘူး။ အဖြစ်ချင်ဆုံးက အဆက်အသွယ်လေးရပြီး လှမ်းကူညီပေးလို့ရရင် ကျေနပ်ပါပြီ။ ကျမတို့လည်း အေအေနဲ့အတူ ရပ်တည်တဲ့ပြည်သူတွေပါ။ တိုက်ပွဲတွေ မရှိတော့ဘူးဆိုပေမယ့် စားစရာမရှိတော့ ငတ်နေမယ့်အရေး တွေးရင် ရင်မောတယ်။
သတင်းဌာနအနေနဲ့ အဲ့ရွာတွေဘက်ကို နည်းနည်းအဆက်အသွယ် လုပ်လို့ရရင်ပြောပေးပါ။ ကျမတို့လည်း ပိုက်ဆံရောက်အောင် ဘယ်လိုပို့ပေးရမလဲ မသိဘူး ဖြစ်နေတယ်။ သူတို့ လက်ထဲ ပိုက်ဆံ ရှိရင် တမျိုးပေါ့။
ရွာမှာ ဖုန်းတွေက အသိမ်းခံထားရတဲ့သူတွေလည်း ရှိတယ်လို့ကြားတယ်။ သတင်းပေးလုပ်မှာ စိုးရိမ်ကြတာ တော့မှန်တယ်။ ဒါပေမယ့် ကျမတို့မှာလည်း ကျန်ခဲ့တဲ့သူတွေနဲ့က လုံး၀အဆက်အသွယ် မရတော့ စိတ်တွေ တအားပူနေရတယ်။ နောက်တခုကလည်း သတင်းလုံခြုံမှု ရှိဖို့လိုအပ်တယ်ဆိုတာ နားလည်ပါတယ်။
အခု သံတွဲနယ်တဝိုက် အင်တာနက် တာဝါတိုင်တွေပျက်လို့ ပြည်သူတွေကို ဆက်သွယ်မရဖြစ်တာဆိုရင် အေအေရဲ့ ညွှန်ကြားသူနဲ့ မြေပြင်က တိုက်ခိုက်သူကြား ဘယ်လိုတွေဆက်သွယ်ညွှန်ကြားနေကြသလဲလို့ မေးပေးပါ။
အဲလို သူတို့အချင်းချင်း အဆက်အသွယ်ရတယ်ဆိုရင် ပြည်သူတွေကိုလည်း ကူညီပေးနိုင်မယ့် သူတို့မိသားစု တွေနဲ့ အဆက်အဆက်အသွယ်ရအောင် တနည်းနည်းနဲ့ ကူညီပေးပါလို့။ အခြေအနေတွေသိရအောင် အေအေဘက်ကို သတင်းမေးပေးကြပါဦး။ ကြီးကြီးကို စိတ်ပူသလို အားလုံးအတွက်လည်း ဘယ်လိုကူညီရမလဲ စဉ်းစားရတာ ခေါင်းတွေရှုပ်လာလို့ ဒွါရာဝတီကို ဆက်သွယ်လိုက်တာပါ။
အဝေးရောက် သံတွဲဒေသခံတဦး




Thank you for your sharing. I am worried that I lack creative ideas. It is your article that makes me full of hope. Thank you. But, I have a question, can you help me? https://accounts.binance.com/register/person?ref=IXBIAFVY