
ပုံစာ- ရခိုင်ပြည်နယ်မှ ဧရာဝတီတိုင်းဘက်သို့ စစ်ဘေးမှတိမ်းရှောင်နေကြသူများကို ပုသိမ်-မုံရွာ လမ်းမပေါ်ရှိ ရေနံ့သာစစ်ဆေးရေးဂိတ်တွင် တွေ့ရစဉ်။
ကျိန္တလီ၊ ဩဂုတ် ၁၅၊ ၂၀၂၄။
ရခိုင်တောင်ပိုင်းဒေသ၊ ကျိန္တလီမြို့နယ်တွင် ယနေ့ တိုက်ပွဲပြန်လည်ဖြစ်ပွားနေကြောင်း စစ်ဘေးမှ တိမ်းရှောင်နေသူများထံမှ သတင်းရရှိသည်။
“ဒီနေ့မနက်ကတည်းက တိုက်ပွဲပြန်ဖြစ်နေတယ်၊ လက်နက်သံက အကြီးအငယ်အစုံကြားရတယ်၊ တိုက်လေယာဉ် ၂စီးလောက်နဲ့ လေကြောင်းပစ်ကူ တနေကုန်ပြန်ဝင်ကူနေတယ်၊ နေ့တိုင်းလိုလို ကြည်း၊ ရေ၊ လေ ဘက်စုံက ချနေတာ၊ အခုလည်း ချနေတယ်” ဟု တိုက်ပွဲဖြစ်ပွားရာအရပ်မှ အခြေအနေများကို ကြားသိနေရသည့် အမည်မဖော်လိုသူ ဒေသခံတဦးက ယနေ့ မွန်းလွဲပိုင်းတွင် ဒွါရာဝတီသို့ ပြောသည်။
သူကဆက်လက်၍ “လေကြောင်းက မနေ့ညဘက်ကတည်းကစပြီး အခုချိန်ထိ တိုက်နေတာ၊ ပစ်တာက ကြောက်စရာကြီး၊ အတွဲလိုက်လို ချနေတာ” ဟု ပြောသည်။
အလားတူ ရခိုင်ကမ်းရိုးတမ်းဒေသ သတင်းဌာနတခုဖြစ်သည့် လေးဝတီFM တွင် ဖော်ပြချက်အရ စစ်ကောင်စီသည် ကျိန္တလီနှင့် ၁၀မိုင်ခန့်အကွာရှိ ကြွေချိုင်ကျေးရွာတွင် အထိုင်ချထားသည့် လက်နက်ကြီးဖြင့်လည်း ပစ်ကူနေကြောင်း သိရသည်။
ပြီးခဲ့သည့် ၂ရက်က ကျိန္တလီမြို့နယ် ကုလားပြင်(ရတနာမြိုင်ကျေးရွာ)သို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ တပ်ဆုတ်ကာ လက်နက်ကြီးထိုင်ခဲ့သလို၊ ကျိန္တလီအနီး ပင်လယ်ပြင်တွင် ရပ်ကာ ပစ်ခတ်နေသည့် စစ်သင်္ဘောတစင်းလည်း ဂွမြို့ဘက်သို့ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ထို့နောက် စစ်ကောင်စီသည် ဂွတောင်ကြားလမ်းကိုအသုံးပြုကာ ဧရာဝတီတိုင်းမှ တပ်ကူကားများ ဖြည့်တင်းခဲ့သည်ကို တွေ့ရကြောင်း ဂွမြို့ ဒေသခံတဦးက ဒွါရာဝတီသို့ ဆက်သွယ်ပြောကြားခဲ့သည်။
“ဂွရိုးကနေ စစ်ကား ၅စီး အပြည့် ရခိုင်ဘက်ကို ဆင်းတာ တွေ့တယ်” ဟု ပြီးခဲ့သည့် ၁၃ ရက်နေ့က သူမြင်တွေ့ခဲ့ရပုံကို ပြောသည်။
အလားတူ နောက်ထပ် ဒေသခံ တဦးကလည်း “အခု ကုလားပြင်ဘက်ကနေ ကျိန္တလီကို ထုနေတယ်၊ အခုချနေတာ လက်နက်ကြီးသံ တော်တော်ကျယ်တယ်”ဟု ယနေ့ မွန်းလွဲပိုင်းတွင် ဒွါရာဝတီသို့ ဆက်သွယ်ပြောကြားသည်။

ပုံစာ- ရခိုင်ပြည်နယ်မှ ဧရာဝတီတိုင်းဘက်သို့ စစ်ဘေးမှတိမ်းရှောင်နေကြသူများကို ပုသိမ်-မုံရွာ လမ်းမပေါ်ရှိ ရေနံ့သာစစ်ဆေးရေးဂိတ်တွင် တွေ့ရစဉ်။
မြို့ပေါ်တိုက်ပွဲများကြောင့် ကျိန္တလီဒေသခံများသည် ဘေးလွတ်ရာသို့ မြို့လုံးကျွတ် တိမ်းရှောင်နေကြ ရသည်။
စစ်ကောင်စီက ဂွမြို့ဘက်သို့ သွားရာလမ်းပေါ်ရှိ တံတားကို အများပြည်သူ ဖြတ်သန်းခွင့် အကန့်အသတ်မရှိ ပိတ်ထားကြောင်း ဒေသခံများထံမှ သိရသည်။
“ဒီနေ့ ကုလားပြင်တံတား ဖြတ်လို့မရတော့ဘူးတဲ့၊ မိသားစု တစုဆို ကျန်းမာရေးမကောင်းလို့ မဖြစ်မနေ သွားရဖို့ဆိုတာလည်း ပြောလို့မရတော့ ချောင်းထဲကနေ လှေနဲ့ကူးတာ၊ ရေလယ်ခေါင်ရောက်မှ လှမ်းခေါ်ပြီး လှေကိုသိမ်းထား လိုက်ပြီး လူတွေကို ပြန်လွှတ်လိုက်တယ်လို့ ပြောတယ်” ဒေသခံ စစ်ရှောင်တဦးထံမှ သိရသည်။
ကုလားပြင်တံတားသည် ကျိန္တလီနှင့် ဂွမြို့ကြားတွင်တည်ရှိပြီး၊ ကျိန္တလီနှင့် ၅မိုင်ဝန်းကျင်အကွာတွင် ရှိသည်။



Thank you for your sharing. I am worried that I lack creative ideas. It is your article that makes me full of hope. Thank you. But, I have a question, can you help me? binance konto
Can you be more specific about the content of your article? After reading it, I still have some doubts. Hope you can help me. https://www.binance.bh/register?ref=JW3W4Y3A