Press Photo

ကျိန္တလီမြို့တိုက်ပွဲအတွင်း စစ်ကောင်စီ၏ စစ်ဥပဒေချိုးဖောက်မှု မှတ်တမ်းဓာတ်ပုံများ

ကျိန္တလီ၊ ဩဂုတ် ၁၆၊ ၂၀၂၄။

အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်များကြား ယခုလ ၁၀ ရက်နေ့ကစတင်ခဲ့သည့် ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့နယ်ခွဲ တိုက်ပွဲအတွင်း စစ်ကောင်စီက ကြည်း၊ ရေ၊ လေ ပူးပေါင်းကာ မြို့ရွာများကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ယင်းသို့ တိုက်ခိုက်ခဲ့ခြင်းများကြောင့် စစ်ပွဲနှင့် သက်ဆိုင်ခြင်းမရှိသည့် ဘာသာရေးဆိုင်ရာ သာသနိကအဆောက်အအုံများ၊ စာသင်ကျောင်းများနှင့် အရပ်သားများနေထိုင်ရာ နေအိမ်များထိုခိုက်ပျက်စီးခဲ့ရသည်။

ယခုဓာတ်ပုံများသည် ကျိန္တလီဆေးရုံကို တိုက်ခိုက်ခဲ့သည့် စစ်ကောင်စီ၏ စစ်ဥပဒေချိုးဖောက်မှု၊ စစ်ရာဇဝတ်မှု မှတ်တမ်းသက်သေများအနက် တချို့ကို ရခိုင်ဒေသအထူးပြု သတင်းများ တင်ဆက်နေသည့် Arakan Bay News (ABN)သတင်းဌာနတွင် ဖော်ပြနိုင်သည်ကို ဒွါရာဝတီက ပြန်လည်ကူးယူကာ မှတ်တမ်းတင်ထားခြင်းဖြစ်ပါသည်။

ယခုဓာတ်ပုံများသည် ကျိန္တလီဆေးရုံကို တိုက်ခိုက်ခဲ့သည့် စစ်ကောင်စီ၏ စစ်ဥပဒေချိုးဖောက်မှု၊ စစ်ရာဇဝတ်မှု မှတ်တမ်းသက်သေများအနက် တချို့ကို ရခိုင်ဒေသအထူးပြု သတင်းများ တင်ဆက်နေသည့် Arakan Bay News(ABN)သတင်းဌာနတွင် ဖော်ပြနိုင်သည်ကို ဒွါရာဝတီက ပြန်လည်ကူးယူကာ မှတ်တမ်းတင်ထားခြင်းဖြစ်ပါသည်။

(သတင်းအမှောင်ကျလုနီးပါးဖြစ်နေသည့် ရခိုင်ပြည်တောင်ပိုင်းဒေသ သတင်းများကို ကြိုးစားဖော်ပြနေသည့် Arakan Bay News (ABN)နှင့် သတင်းဓာတ်ပုံရရှိရေးအတွက် အခက်အခဲနှင့် တိုက်ပွဲများကြားတွင် ကြိုးစားအားထုတ်ခဲ့ရမည့် ပြည်သူ့သတင်းသမား (Citizen Journalist) အား လေးစားကျေးဇူးတင်ပါသည်)

စစ်ကောင်စီသည် မြန်မာပြည်အနှံ့အပြားတွင်ဖြစ်ပျက်နေသည့် အာဏာရှင်ဖြုတ်ချရေး တိုက်ပွဲများ အတွင်း စစ်နှင့် သက်ဆိုင်ခြင်းမရှိသော အရပ်သားပိုင်ဆိုင်မှုများ၊ အများပိုင် စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ခရစ်ယာန်ဘုရားကျောင်းများ၊ ဗလီများ စသည့် ဘာသာရေးဆိုင်ရာ သာသနိက အဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည့် သက်သေအထောက်အထား များစွာ ရှိခဲ့ပြီးဖြစ်သည်။

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button