
အမ်း၊ ဒီဇင်ဘာ ၂၀၊ ၂၀၂၄။
ရခိုင်ပြည်၊ အမ်းမြို့နယ်အတွင်း အာရက္ခတပ်တော်နှင့် စစ်ကောင်စီတို့ကြား ယခုနှစ် ဧပြီလအတွင်းမှစတင်၍ တကျော့ပြန်တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီးနောက် စစ်ရှောင်ပြည်သူသောင်းချီတိုးမြင့်လာကာ အကူအညီများစွာ လိုအပ်လျက်ရှိသည်ဟု သိရသည်။

လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး Humanitarian and Development Coordination Office (HDCO)က ဒီဇင်ဘာ ၂၀ ရက် ယနေ့၌ ထုတ်ပြန်သည်။

လတ်တလောတွင် စစ်ရှောင်ပြည်သူများမှာ စားနပ်ရိက္ခာများ၊ ကျန်းမာရေးစောင့်ရှောက်မှုများ၊ အမိုးအကာများ၊ အိုးခွက်ပန်းကန်စသော မီးဖိုချောင်သုံးပစ္စည်းများ၊ တကိုယ်ရည်သုံးပစ္စည်းများ၊ အမျိုးသမီးလစဉ်သုံးပစ္စည်းများ၊ မိခင်နှင့် ကလေးများအတွက် အာဟာရများ၊ ခြင်ထောင်များအပြင် ဆောင်းရာသီတွင်းဖြစ်၍ အနွေးထည်များ လည်း အရေးပေါ်လိုအပ်လျက်ရှိပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အထူးသဖြင့် တချို စစ်ရှောင်ပြည်သူများမှာ နေရာအတည်တကျမရှိဘဲ မြေကွက်လပ်များတွင် ယာယီတဲထိုး၍ စစ်ရှောင်လျက်ရှိပြီး ၎င်းတို့အတွက် အမိုးအကာများ အရေးတကြီးလိုအပ်နေသည်ဟု ဆိုသည်။

အမ်းမြို့နယ်အတွင်း စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုကျူးလွန်မှုကြောင့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်မှ ၂၀၂၄ ဒီဇမ်ဘာ ၅ ရက်အထိ ပြည်သူစုစုပေါင်း (၁၃) ဦးသေဆုံပြီး ၃၆ ဦး ထိခိုက်ဒဏ်ရာရှိခဲ့သည်ဟု သိရသည်။

သေဆုံးသူမိသားစုဝင်များနှင့် ထိခိုက်ဒဏ်ရာရရှိသူများလည်း အကူညီအထောက်အပံ့များ လိုအပ်လျက်ရှိသည် ဟု လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံးက ထုတ်ပြန်သည်။





I don’t think the title of your article matches the content lol. Just kidding, mainly because I had some doubts after reading the article. https://accounts.binance.bh/register/person?ref=GGYHGRE
Your article helped me a lot, is there any more related content? Thanks!