
မင်းသစ်
ဂွ၊ ဒီဇင်ဘာ ၁၃၊ ၂၀၂၄။
ရခိုင်ပြည်တောင်ဘက်ဆုံးမြို့ဖြစ်သည့် ဂွမြို့၌ နှစ်ဘက်ပစ်ခတ်သည့် တိုက်ပွဲသံများကြားနေရသည်ဟု ဒီဇင်ဘာ ၁၂ ရက်မှာ ဂွမြို့ခံတဦးက ပြောသည်။
ဂွမြို့ပေါ်ရှိ စစ်ကောင်စီသည် လက်နက်ကြီးများဖြင့် ဂွမြို့အနီးဝန်းကျင်သို့ပစ်ခတ်နေသည်မှာကြာမြင့်ခဲ့ပြီဖြစ် သော်လည်း ယခုကဲ့သို့ နှစ်ဘက်တိုက်ပွဲဖြစ်သည့် လက်နက်ငယ်ပစ်ခတ်သံများကြားရသည်မှာ ယခုရက်ပိုင်းတွင် ကြားရခြင်းဖြစ်သည်ဟု သိရသည်။
လက်နက်ငယ်များဖြင့် နှစ်ဘက်ပစ်ခတ်တိုက်ခိုက်နေသည့်နေရာသည် ဂွမြို့ပေါ်မှ ၃ မိုင်ခန့်ဝေးသည့် ရဟိုင်ကူးတို့ ရွာ တဖက်ကမ်း တင်းတော၊ အမော်ရွာတွင် ဖြစ်ပွားနေခြင်းဖြစ်သည်ဟုဆိုသည်။
“ ၉ ရက်၊ ၁၀ ရက်နေ့လောက်ကတည်းက လက်နင်ငယ်သံရော၊ လက်နက်ကြီးသံရော ဆက်တိုက်ဆိုသလို ကြား လာရတာ” ဟု ဂွမြို့ခံတဦးက ပြောသည်။
ဂွမြို့အနီးသို့ အာရက္ခတပ်တော်(AA) ၏ ထိုးစစ်နီးကပ်လာသည်နှင့်အမျှ မြို့ခံများလည်း ဘေးလွတ်ရာသို့ ပြောင်း ရွေ့သွားခဲ့ရာ လက်ရှိ၌ ဂွမြို့ပေါ်တွင် လူဦးရေ၏ ၁၀ ရာခိုင်နူန်းလောက်သာ ကျန်တော့သည်ဟု သိရသည်။
စစ်ကောင်စီသည် ဂွမြို့ပေါ်ရှိ အမှတ် ၅၆၂ တပ်ရင်း၊ အမှတ် ၅၆၃ တပ်ရင်းနှင့် လေယာဉ်ကွင်းဟောင်းနေရာ များ၌ လက်နက်ကြီးများတပ်ဆင်ထားခြင်း၊ ရခိုင်ရိုးမပေါ်၌လည်း စွမ်းထက်ထမင်းဆိုင်ရှေ့၊ ၁၉ မိုင် နှင့် ဗေဒါစစ်ဆေးရေးဂိတ်များ၌လည်း လက်နက်ကြီးများတပ်ဆင်ထားပြီး ခံစစ်ပြင်ထားသည်ဟု သိရသည်။
အာရက္ခတပ်တော်(အေအေ)သည် ဒီဇင်ဘာ ၈ ရက်က မောင်တောမြို့ကို အပြီးသတ်သိမ်းပိုက်ခဲ့ပြီး အမ်းမြို့၊ တောင်ကုတ်မြို့နှင့် ဂွ မြို့ရှိ စစ်ကောင်စီ၏ တပ်စခန်းများကို အပြီးသတ်သိမ်းပိုက်အနိုင်ယူရန် ဆက်လက် ကြိုးပမ်းလျက်ရှိသည်။
မောင်တောမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သားအလောင်း ၄၅၀ အထက် သေဆုံးနိုင်ခဲ့ပြီး ဘူးသီးတောင် မြို့ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း၊ ကြည်း/ ၂၆၈၉ရ ၊ စကခမှူး ကိုယ်ရေးအရာရှိ ဗိုလ်ကြီး ဝေလင်းအောင်၊ ကြည်း/၆၁၃၃၅ (တတိယတန်း ဦးစီးအရာရှိ) အပါအဝင် အရာရှိ၊ အကြပ်၊ စစ်သည်အမြောက်အမြားနှင့် RSO၊ ARSA၊ ARA နှင့် စစ်ကောင်စီမှ သင်တန်းပေးထားသည့် အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ အား သုံပန်းများအဖြစ် ဖမ်းဆီးရမိခဲ့သည်။
ပုံ- အာရက္ခတပ်တော်သိမ်းပိုက်ခဲ့သည့် သံတွဲအခြေစိုက် စစ်ကောင်စီ၏ ရေတပ်စခန်း။



Thank you for your sharing. I am worried that I lack creative ideas. It is your article that makes me full of hope. Thank you. But, I have a question, can you help me?