BattleNews

သံတွဲမြို့၊ ညောင်ပင်ဈေး၌ လက်နက်ကြီးထိမှန်သူ အမျိုးသမီးကို ရန်ကုန်သို့ ပို့ဆောင်

သံတွဲ၊ ဇူလိုင် ၁၀၊ ၂၀၂၄။

စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးထိမှန်ပြီး ဒဏ်ရာရသွားသည့် သံတွဲမြို့၊ ညောင်ပင်ဈေးရပ်ကွက်မှ အမျိုးသမီးတစ်ဦးကို ဆေးဝါးကုသရန် ရန်ကုန်သို့ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ဇူလိုင် ၉ ရက် မနေ့ညနေပိုင်းက စစ်ကောင်စီက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် သံတွဲမြို့၊ ညောင်ပင်ဈေးရပ်ကွက်၊ အောင်မင်္ဂလာလမ်းသို့ကျရောက်ပေါက်ကွဲပြီး ဦးမောင်ပိန်နှင့် ဒေါ်ကြည်ထွေးတို့အား ထိမှန်ပြီး နေအိမ်များလည်း ပျက်စီးခဲ့သည်ဟု သိရသည်။

အဆိုပါ အမျိုးသမီးမှာ လက်နက်ကြီးထိမှန်သဖြင့် မျက်စီ၊ တင်ပါးနှင့် ခြေသလုံးအရိုးပေါ်ဒဏ်ရာတွေ ရရှိခဲ့သည်ဟု သိရသည်။

၎င်းကို သံတွဲမြို့၊ သိမ်ကုန်းဆရာတော်က ရန်ကုန်မြို့သို့ပို့ဆောင်ပေးပြီး ဆေးကုသနိုင်ရန် ကူညီဆောင်ရွက် ပေးလျက်ရှိသည်ဟု သိရသည်။

သိမ်ကုန်းဆရာတော်၏ ဖေ့ဘွတ်စာမျက်နှာတွင်ဖော်ပြထားချက်အရ အဆိုပါအမျိုးသမီး၏ မျက်လုံးမှာ ပြန်ရမည်မထင်ဟု ရေးသားဖော်ပြထားသည်။
ယင်းနေ့က သံတွဲမြို့၊ ငကျော်တောင်၊ သမုတ်ချောင်း၊ ညောင်ပင်ဈေး လူနေရပ်ကွက်များသို့ စစ်ကောင်စီ ပစ်ခတ်သည့် လက်နက်ကြီးကျည် ၆ လုံးကျရောက်ခဲ့ရာ ယခုတစ်လုံးသာပေါက်ကွဲပြီး ကျန် ၅ လုံးမှာ မပေါက်ကွဲခဲ့သဖြင့် ဒေသခံများသက်သာရာရခဲ့သည်ဟု သိရသည်။
ကျရောက်ပေါက်ကွဲခဲ့သည့် လက်နက်ကြီးကျည်ဆန်ကြောင့် အရပ်သားပြည်သူတွေ ဒဏ်ရာရခဲ့သလို လူနေအိမ် ၂ လုံးလည်းပျက်စီးခဲ့သည်ဟု သိရသည်။
ပုံ-လက်နက်ကြီးထိမှန်ခဲ့သည့် ဒေါ်ကြည်ထွေးကို ရန်ကုန်သို့ ပို့ဆောင်နေကြစဉ်။

ဓာတ်ပုံ-Utayzeinda Smile ဖေ့ဘွတ်စာမျက်နှာမှ ကူးယူဖော်ပြသည်။

Related Articles

One Comment

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button