
ဂွ၊ စက်တင်ဘာ ၅ ၂၀၂၄။
ပြီးခဲ့သည့် ရက်ပိုင်းတလျှောက် တိုက်ပွဲဖြစ်ပွားသံများ ငြိမ်သက်နေသည့် ကျိန္တလီမြို့နယ်အတွင်း လက်နက်ကြီး၊ လက်နက်ငယ်သံများ ယနေ့ နေ့လယ်ပိုင်းမှစတင်ကာ ပြန်လည်ကြားလာရကြောင်း စုံစမ်းသိရှိရသည်။
“ရှေ့ရက်တွေက တိမ်း(တိတ်)နေတယ်၊ မနေ့က လက်နက်ကြီးနဲ့ လှမ်းပစ်သံ ခပ်ကျဲကျဲ ကြားရတယ်၊ ဒီနေ့ သေနတ်ပစ်သံတွေကြားရတယ်၊ နေ့ခင်းကလည်း လေယာယဉ်နဲ့ လာကြဲတယ်၊ ဘယ်ကိုကျလဲ မသိ” ဟု အဆိုပါအသံများကို ကြားနေရသည့် အနီးဝန်းကျင် ကျေးရွာမှ ဒေသခံတဦးက ပြောသည်။
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်အပိုင်၊ ကျိန္တလီမြို့နယ်ခွဲအတွင်းရှိ ရတနာမြိုင်(ကုလားပြင်)ကျေးရွာဘက်မှ ကြားနေရသည့် လက်နက်ငယ်ပစ်ခတ်သံများသည် ၂ ဘက်ထိတွေ့တိုက်ပွဲဖြစ်သံများ ဟုတ်၊ မဟုတ်ကို မသိရှိကြောင်း ၎င်းက ပြောသည်။
ပြီးခဲ့သည့် ၂၉ ရက်က ကျိန္တလီမြို့နယ်အတွင်း တိုက်ပွဲများဆက်လက် ပြင်းထန်နေဆဲဖြစ်ကြောင်း အေအေက ထုတ်ပြန်ထားသည်။
ကျိန္တလီမြို့နယ်အတွင်း အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်တို့ကြား ဩဂုတ် ၁၀ ရက်က စတင်ခဲ့သည့် တိုက်ပွဲများသည် ဩဂုတ် ၁၈ ရက်တွင် ကျိန္တလီမြို့၏ တောင်ဘက် ၂ မိုင်အကွာရှိ ကျောက်ပါးစပ်ကျေးရွာသို့ ရွေ့လျားလာပြီး စစ်ကောင်စီက ကြည်း၊ ရေ၊ လေ ပစ်ကူခြင်းများ ပြုလုပ်ခဲ့သည်။
ဩဂုတ် ၃၁ ရက်အထိ ကျိန္တလီမြို့နယ်၊ ကျောက်ပါးစပ်ကျေးရွာနှင့် ကိုင်းခုံကျေးရွာကြားတွင် အာရက္ခတပ်တော်(အေအေ) နှင့် စစ်ကောင်စီတပ်တို့ကြား ထိတွေ့တိုက်ပွဲ ဆက်လက်ရှိနေဆဲ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ကျိန္တလီမြို့ပေါ်တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုများကြောင့် အရပ်သား ထိခိုက်သေဆုံးမှု များပြားခဲ့ပြီး ဆေးရုံ၊ သာသနိက အဆောက်အဦများ၊ ပြည်သူပိုင်အဆောက်အအုံများ ပျက်စီးခဲ့ရသည်။
စစ်ရှောင်များခိုလှုံနေသည့် ခရစ်ယာန်ဘုရားကျောင်းအား ဩဂုတ် ၁၂ ရက်က လေကြောင်းဗုံးကြဲခံရခြင်း ကြောင့် အရပ်သား ၁၂ ဦးထက်မနည်း အစုလိုက်အပြုံလိုက်သေဆုံးခဲ့သည်။
ကျိန္တလီမြို့တိုက်ပွဲများအတွင်းမှ ထွက်ပြေးလွတ်မြောက်လာသည့် ဒေသခံများ၏ ပြောကြားချက်အရ တိုက်ပွဲအတွင်း လက်နက်ကြီးနှင့် လေကြောင်းဗုံးများကြောင့် သေဆုံးသူ ရာဂဏန်းအထိရှိနိုင်ကြောင်း သိရသည်။
သို့သော် အင်တာနက်နှင့် တယ်လီဖုန်းလိုင်းများ ပြတ်တောက်နေခြင်းကြောင့် မြေပြင် သတင်းအချက် အလက်နဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရခြင်း၊ ပြည်သူတို့၏ နစ်နာဆုံးရှုံးမှုများကို မှတ်တမ်းတင်နိုင်ရန် ခက်ခဲနေဆဲဖြစ်သည်။
အာရက္ခတပ်တော်ကလည်း တိုက်ပွဲအတွင်း အရပ်သားသေဆုံးမှုများနှင့် သက်ဆိုင်သည့် အချက်အလက် များကို တရားဝင်ထုတ်ပြန်ထားခြင်းမရှိသေးပေ။
ပုံ-အရပ်သားပြည်သူပစ်မှတ်များကို မကြာခဏပစ်ခတ်လေ့ရှိသည့် အာဏာသိမ်းစစ်တပ်၏ စစ်သင်္ဘော စစ်ရေးလေ့ကျင့်နေစဉ်။/ဓာတ်ပုံ-cincds



Thank you for your sharing. I am worried that I lack creative ideas. It is your article that makes me full of hope. Thank you. But, I have a question, can you help me?