ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းကို ဆက်သွယ်ထားသည့် ဂွတောင်ကြားလမ်း

ဒွါရာဝတီ ဩဂုတ် ၂၇၊၂၀၂၄။
ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေသားနိမ့်ဆင်းနေသည့် ဂွတောင်ကြားလမ်း မိုင်တိုင်အမှတ် ၁၇ အနီးဝန်းကျင် လမ်းအပိုင်းကို ယာယီအသုံးပြုနိုင်စေရန် ယနေ့ညနေပိုင်းတွင် ပြုပြင်နေစဉ်။
ဂွ-ငါးသိုင်းချောင်း လမ်းအပိုင်းရှိ အဆိုပါနေရာသည် ဆိုင်ကယ်ကဲ့သို့ ယာဉ်ငယ်များသာဖြတ်သန်းသွားလာနိုင်မည့်အခြေအနေရှိနေပြီး မိုးဆက်လက်သည်းထန်နေဦးမည်ဆိုပါက ပြိုကျနိုင်သည့် အန္တရာယ်ရှိနေသည့်အတွက်
ယန္တယားကြီးများအသုံးပြုကာ အကြီးစားပြင်ဆင်ရမည့် အခြေအနေဖြစ်သည်။
ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းကို ဆက်သွယ်ထားသည့် ဤ ဂွတောင်ကြား လမ်းသည် မိုင်အားဖြင့် ၅၀ ဝန်းကျင်ရှိပြီး၊ ရခိုင်ပြည်နယ်မှ ပြည်မသို့ ဝင်ထွက်နိုင်သည့် အနီးဆုံး ရိုးမဖြတ်ကျော်လမ်းဖြစ်သည်။ ရခိုင်ပြည်နယ်၏ တောင်ဘက်အကျဆုံးနေရာတွင်တည်ရှိသည်။
ဂွမြို့ဒေသခံပြည်သူတဦး၏ ဓာတ်ပုံကို ဒွါရာဝတီက ပြန်လည်ထပ်ဆင့်ဖော်ပြခြင်းဖြစ်ပါသည်။
Photo Crd- KGKgwa