
သံတွဲတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၄၀၀ ကျော်ကို တပ်တော်က ကောင်းမွန်စွာသဂြိုဟ်ပေးထား
ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေးများဖြင့် အပြင်းအထန်ခုခံတိုက်ခိုက်နေသည့် အာဏာသိမ်း မင်းအောင်လှိုင်၏စစ်တပ်ကို အာရက္ခတပ်တော်(အေအေ)က ဗျူဟာမြောက်စွာ ထိုးစစ်ဆင် တိုက်ခိုက် လျက်ရှိသောကြောင့် သံတွဲမြို့သိမ်းတိုက်ပွဲ၏ စစ်ရေးအခြေအနေသည် အပြင်းထန်ဆုံးနှင့် အမြင့်ဆုံး အနေအထားသို့ရောက်ရှိခဲ့ပြီး အာရက္ခဒေသမြို့သိမ်းတိုက်ပွဲများအတွင်း အာရက္ခတပ်တော်အတွက် ခက်ခဲသော မြို့သိမ်းတိုက်ပွဲဖြစ်ကြောင်း အေအေက ဇူလိုင်လ ၇ ရက် ယနေ့မှာ ထုတ်ပြန်ကြေညာသည်။
တပ်တော်သည် သံတွဲမြို့နယ်၊ ရေစင်ကျေးရွာ(ရီစင်)နှင့် ဂွေ့ချောင်းကျေးရွာကြားတွင် စစ်ကောင်စီ၏ ခလရ(၅၅)နှင့် ဧပြီလ ၁၃ ရက်၊ နံနက်(၆) နာရီ (၁၀) မိနစ်တွင် စတင်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး သံတွဲ မြို့သိမ်းတိုက်ပွဲစတင်ခဲ့သည်။
မေလ၊ ဇွန်လ အစောပိုင်းကာလများ၌လည်း ကြိုကြားကြိုကြားတိုက်ပွဲများ နေ့စဉ်နီးပါး ဖြစ်ပွားခဲ့ပြီး တိုက်ပွဲများ နေ့တိုင်းနီးပါးပြင်းထန်နေခဲ့သည်။
ဇွန်လအတွင်းနှင့် ဇူလိုင်လ ပထမအပတ်အတွင်း တိုက်ပွဲအရှိန်သည် အပြင်းထန်ဆုံးနှင့် အမြင့်ဆုံးအချိန် ဖြစ်ခဲ့သည်ဟု အေအေက ပြောသည်။
အာရက္ခတပ်တော်(အေအေ)သည် သံတွဲဒေသအတွင်း၌ စစ်ကောင်စီ၏ သံတွဲအခြေစိုက်တပ်ရင်းများဖြစ် ကြသော ခမရ (၅၆၆) နှင့် ခလရ (၅၅) တပ်ရင်းတို့အပြင် တပ်မ (၁၀၁) လက်အောက်ခံတပ်ရင်းများဖြစ်ကြ သော ခလရ (၂၃၅)၊ ခလရ (၂၅၁)၊ ခလရ (၂၅၂)၊ ခလရ (၂၅၃)၊ ခလရ (၂၅၄)၊ ခလရ (၂၅၅)၊ ခလရ (၂၅၆)၊ ခလရ (၂၅၇)၊ ခလရ (၂၅၈)၊ ခလရ (၂၅၉) နှင့် ခမရ (၃၁၅) (မိတ္ထီလာ-တမခ-၉၉) – လပခ ၊ ခမရ (၃၆၆) (မော်လိုက်-စကခ-၁၀-ကလေး) – နမခ၊ ဧရာဝတီအခြေစိုက် တပ်ရင်းအချို့နှင့် ရင်ဆိုင် တိုက်ခိုက်နေရခြင်းဖြစ်သည်။
ထို့အပြင် အကြမ်းဖက်စစ်ကောင်စီ၏ သံတွဲဒေသခံ ပြည်သူ့စစ်တပ်ရင်းအချိုနှင့် Myanmar Navy SEALs တပ်ဖွဲ့ဝင်များသည်လည်း အင်အားဖြည့် တိုက်ခိုက်နေခြင်းဖြစ်သည်။
တပ်တော်က ဖမ်းမိထားသည့် စစ်ကောင်စီလက်အောက်ခံ စစ်သုံ့ပန်းအချို့၏ ပြောကြားချက်အရ တပ်မ (၁၀၁) မှ တပ်ရင်း (၁၀) ရင်းစလုံး သံတွဲမြို့ စစ်ဆင်ရေးတွင် အင်အားဖြည့်ပါဝင်နေခြင်းဖြစ်သည်ဟု သိရ ကြောင်း အေအေက ပြောသည်။
စစ်ကောင်စီသည် ဘင်္ဂလားပင်လယ်ပြင်ထက်တွင် တပ်စွဲထားသော ရေတပ်စစ်သင်္ဘော (၅) စီးပါ စစ်ရေယာဉ်စု၊ ကွင်းဝိုင်း၊ သပြုချိုင်၊ ဂျိတ်တော စသည့်နေရာများမှ လက်နက်ကြီးပစ်ကူ၊ လေကြောင်း ပစ်ကူ၊ ဒရုန်းတိုက်ခိုက်မှု အမြောက်အမြား ပစ်ကူပေးပြီး ကြည်း၊ ရေ၊ လေ စုပေါင်းပြီး အာရက္ခတပ်တော် ကို အသည်းအသန် ခုခံကာကွယ်နေခြင်းဖြစ်သည်။
ယင်းသို့ ခုခံနေသော်လည်း သံတွဲအခြေစိုက် ခမရ (၅၆၆) တပ်ရင်းအား ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၇) ရက်၊ ညနေ (၅) နာရီ (၃၀) မိနစ်အချိန်တွင် တပ်တော်က သိမ်းပိုက်ရရှိခဲ့သည်။
ထို့အပြင် သံတွဲမြို့အနီးပတ်ဝန်းကျင်ရှိ အခြားသော စစ်ကောင်စီတပ်စွဲထားသော စခန်းအချို့ကိုလည်း သိမ်းပိုက်ရရှိခဲ့သည်။
ခမရ (၅၆၆) အား လက်လွှတ်လိုက်ရသည့် နောက်ပိုင်း စစ်ကောင်စီသည် သံတွဲ၊ လေဆိပ်အတွင်း၊ လေဆိပ်အနီးအဆောက်အအုံများ၊ နာမည်ကြီးဟော်တယ်ကြီးများနှင့် ဇီးဖြူကုန်းရှိ သုံးထပ်တိုက် တစ်တိုက်ထဲမှ ခုခံစစ်များကိုဆင်နွှခဲ့သည်။
သို့သော်လည်း ရန်သူအင်အား (၁၀၀) ခန့်ဖြင့် ခုခံနေသောသုံးထပ်တိုက်နှင့် ၎င်းပတ်ဝန်းကျင်အနီးအနားမှ နေရာများအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၆) ရက်၊ နံနက်(၁၁) နာရီခန့်အချိန်တွင် လည်းကောင်း၊ ငပလီ(မဇင်) လေဆိပ်အနီး လေဆိပ်အဆောက်အအုံနှင့် ၎င်းအနီးပတ်ဝန်းကျင်များမှ အင်အား (၄၀၀) ခန့်ဖြင့် ခုခံစစ်ဆင် နွှဲနေသော နေရာများအားလုံးကို ဇူလိုင်လ (၅) ရက်၊ နံနက် (၆) နာရီ အချိန်တွင်လည်းကောင်း အပြီးသတ် သိမ်းပိုက်ပြီး ငပလီ (မဇင်) လေဆိပ်အား ထိန်းချုပ်ထားနိုင်ပြီးဖြစ်သည်ဟု အေအေက ထုတ်ပြန်သည်။
အဆိုပါ မင်းအောင်လှိုင်နောက်လိုက် စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံးကိုလည်း ချေမှုန်းနိုင်ခဲ့သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်အများစုမှာ တပ်မ (၁၀၁)၏ လက်အောက်ခံ တပ်ရင်းများဖြစ်ကြပြီး အဆိုပါတပ်ရင်း များအားလုံးနီးပါးကို အာရက္ခတပ်တော်က အပြတ်အသတ်ချေမှုန်းနိုင်ခဲ့သည်။
သံတွဲဒေသတိုက်ပွဲများအတွင်း ရန်သူ့အလောင်း (၄၀၀) ကျော်၊ လက်နက်ခဲယမ်း အများအပြားကို သိမ်း ဆည်းရမိခဲ့သည်။
သိမ်းဆည်းရမိသည့် ရန်သူ့အလောင်းများအား တပ်တော်က ကောင်းမွန်စွာမြေမြှုပ်သင်္ဂြိုလ်ခဲ့ပြီးဖြစ်သည်။
သံတွဲအခြေစိုက်တပ်ရင်းဖြစ်ပြီး လက်ရှိတွင် တစ်ခုတည်းကျန်ရှိသည့် ခလရ (၅၅) တပ်ရင်းအား တပ်တော်မှ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသကဲ့သို ထွက်ပြေးလွတ်မြောက်နေသော ရန်သူများကိုလည်း လိုက်လံချေမှုန်းလျက်ရှိသည်။
ခလရ (၅၅)နှင့်အတူ (၁၀၁) တပ်မလက်အောက်ခံ၊ ပခုက္ကူအခြေစိုက် ခလရ (၂၅၂) တပ်ရင်းနှင့် အခြား အမည်မသိသေးသော တပ်ရင်းအချို့တို့ စုပေါင်းပြီး ခလရ (၅၅) တပ်ရင်းနှင့် ၎င်းပတ်ဝန်းကျင် အနီးမှ ခုခံတိုက်ခိုက်လျက်ရှိသကဲ့သို ရေတပ်၊ လေကြောင်းပစ်ကူ တိုက်ခိုက်မှုများကြောင့် တိုက်ပွဲများမှာ လက်ရှိ အချိန်ထိ ဆက်လက်ပြင်းထန်လျက်ရှိသည်။
အာရက္ခဒေသတိုက်ပွဲများအတွင်း အသက်၊ ခန္ဓာစွန့်လွှတ်ခဲ့ကြသော အာရက္ခစစ်သည်တော်များ၊ သတ္တိပြောင် မြောက်စွာဖြင့် ပေးအပ်လာသော အမိန့်နှင့်တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြသော စစ်ဒေသအသီးသီးမှ အာရက္ခစစ်သည်တော်များ၊ ဆေးဘက်ဆိုင်ရာဝန်ထမ်း၊ ပူးပေါင်းဆောင်ရွက်ကူညီ ပေးကြသော အာရက္ခပြည်သူများ အားလုံးကို လေးနက်စွာမှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်ဟု အာရက္ခတပ်တော်က ဇူလိုင်လ ၇ ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။



Thank you for your sharing. I am worried that I lack creative ideas. It is your article that makes me full of hope. Thank you. But, I have a question, can you help me?