BattleNews

သံတွဲမြို့ စစ်မှုထမ်းဟောင်းအိမ်ရာအနီး စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲ၊ အမျိုးသမီးတစ်ဦး ဒဏ်ရာရ

သံတွဲ၊ ဇွန် ၃၀၊ ၂၀၂၄။

စစ်ရေးတင်းမာနေသည့် သံတွဲမြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု များ ပြုလုပ်လျက်ရှိရာ ဇွန် ၂၉ ယမန်နေ့က သံတွဲမြို့ စစ်မှုထမ်းဟောင်းအိမ်ရာအနီး စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲခဲ့သည်ဟု သိရသည်။

သံတွဲမြို့ရှိ စစ်မှုထမ်းဟောင်းများနေထိုင်သည့် စစ်မှုထမ်းအိမ်ရာနှင့် ရောင်ခြည်ဦးကျေးရွာအနီးသို့ ယမန်နေ့ လယ်ပိုင်းအချိန်မှာ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး နေအိမ်တစ်လုံးပျက်စီးကာ အမျိုးသမီးတစ်ဦး ဗုံးစထိမှန်ဒဏ်ရာရခဲ့သည်ဟု ဒေသခံများက ပြောသည်။

“ဗုံး ၂ လုံးကြဲတာမှာ TMP ဆည်အရှေ့နားမှာ တစ်လုံးကွဲတယ်၊ ရောင်ခြည်ဦးရွာအနားကိုကျတဲ့တစ်လုံးက မပေါက်ကွဲဘူး” ဟု သံတွဲမြို့ခံတစ်ဦးက ပြောသည်။

ဗုံးကျရောက်ပေါက်ကွဲခဲ့သည့်နေရာသည် TMP ဆည်အရှေ့၊ စစ်မှုထမ်းဟောင်းအိမ်ရာအနောက်ဘက် မြေကွက် လပ်သို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

မြေပြင်မှာစစ်ရှုံးနေသည့် စစ်ကောင်စီသည် ယခုကဲ့သို့ သံတွဲမြို့အနီးတစ်ဝိုက်ကို လေယာဉ်ဖြင့် ဗုံးကြဲခြင်းပြု လုပ်ခဲ့သလို ရွှေကျောင်းပြင်၊ ဇီးဖြူကုန်း၊ ဆင်ခေါင်းစသည့်နေရာများသို့လည်း လေယာဉ်ဖြင့် ဗုံးကြဲခြင်းများ ပြုလုပ်လျက်ရှိသည်။

ပုံ- မြို့ခံများ စစ်ရှောင်သွားခြင်းကြောင့် လူသူကင်းမဲ့နေသည့် သံတွဲမြို့အား ဇွန် ၂၉ ရက်က တွေ့မြင်ရစဉ်။ ဓာတ်ပုံ-မြို့ခံတစ်ဦး။

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button